❀ 37 ❀ ( Z + U )

1K 68 13
                                    

° ဘယ်လိုလုပ်ကြမလဲ..... Guk သူ ဘယ်သွားတာလဲ မသိဘူး..... °
* ဟာ ရှင်ချင်တယ် ရှင်ချင်တယ် Hyung ကကွာ...... *
Taehyung ၏အခန်းထဲတွင် မွှေနှောက်ရှာရင်း ဟိုပြေးဒီပြေးဖြစ်နေသော အမြွှာနှစ်ကောင်.....
အတန်ကြာတော့ တစ်ခုခုကိုသိလာသည့်အလား အောက်ထပ်သို့ပြေးဆင်းမိ၏။











" ဟဲ့ ဟဲ့ ဘာဖြစ်ကြတာလဲ..... "
* Appa Appa Tae Tae Hyung လေ...... ဘယ်ထွက်သွားလဲမသိဘူး..... *
" ဟေ ဘယ်ကို..... "
° ဟုတယ် Appa ရဲ့ ဘယ်ထွက်သွားမှန်းကို မသိတာ..... လုပ်ပါဦး..... °
" ဟာ မင်းတို့ Hyung အကြောင်းသိသားနဲ့ တစ်နေရာရာ လျှောက်လိမ့်နေမှာပေါ့..... မင်းတို့ ဂျီမင်းနီးလေးဆီ ဆက်ကြည့်လေ...... "
* အာ မေ့နေတာ မေ့နေတာ..... Kook ဖုန်းခေါ်ကြည့်ပါဦး..... *
Jungkook တစ်ယောက် တုန်ယင်သော လက်အစုံဖြင့် ဖုန်းခေါ်နေမိသည်.....
စိတ်ထဲမှာလည်း ဘုရားတနေလျက်.....
ကျေးဇူးပြု၍ Jimin Hyung ဆီမှာ ရှိပါစေ......
" ဟဲလို..... "
° Jimin Jimin Hyung လား..... ‌°
" အော ဘာဖြစ်သလဲ..... "
° ဟိုလေ ဟို Tae Tae Hyung Tae Tae Hyung ရှိလားဟင် Hyung ဆီမှာ...... °
" အယ်...... "
Jimin ဖုန်းပြောနေဆဲ ကမန်းကတန်းခေါင်းခါကာ တိုးတိုးလုပ်နေခိုင်းသော Taehyung ကြောင့် ဘာဆက်ပြောရမှန်းမသိဘဲ ကြောင်နေမိသည်......
ဘာပြောရမည်နည်း.....
ဖုန်းထဲမှ တစ်ကောင်ကတော့ စိတ်မရှည်တော့သည့်ဟန်ဖြင့် အသက်ရှုသံခပ်ပြင်းပြင်းအား ကြားနေရသည်.....
" ဟျောင့် မင်းကိစ္စ မင်းရှင်း.... "
" ဘောကို ရှင်းရမှာလားကွ ဒီတိုင်း မသိဘူး ပြောလိုက်..... "
ဂျီမင် အံကြိတ်သံနှင့် ပြောလိုက်တော့ သူ့ဗိုက်ခေါက်အား လိမ်ဆွဲကာ ပြောလာသော ထယ်ယောင်းကြောင့် လက်လျှော့လိုက်ရသည်.....
° Hyung သူရှိတယ် မလား..... ‌°
" မရှိ မရှိဘူး..... "
° Hyung မလိမ်နဲ့နော်..... မှန်မှနိဖြေ...... Tae Tae Hyung ရှိတယ်မလား......°
" မရှိပါဘူးဆို.... တကယ်..... အတည်...... "
° Hyung အခု ဘယ်ရောက်နေလဲ ပြော ကျွန်တော်တို့ လာခဲ့မယ်.... °
" ဟမ် ငါအိမ် အိမ်မှာလေ..... အိမ်မှာဥစ္စာ..... "
° Hyung မလိမ်နဲ့နော် ကျွန်တော်တို့ သိတယ်.... ခု အပြင်မှာ မလား.... ကားသံတွေရော စကားပြောသံတွေရော...... °
" တကယ်မဟုပါဘူးဆိုကွာ..... ငါအိမ်မှာကွ..... "
° Hyung.....!!!!!!!! °
ဖုန်းထဲမှ ‌ဒေါသတကြီး ထအော်သော အသံကြီးကြောင့် ဂျီမင် ကိုယ်လုံးလေးပင် တုန်တတ်သွားရသည်......
ရှေ့မှ ကျေးဇူးရှင်လေးအား ကြည့်တော့ မျက်နှာက ဆီးရွက်လောက်သာသာနှင့် ငိုမဲ့မဲ့ဖြစ်လို့နေပီ.....
ငါ ဘာလုပ်ရမည်လဲ ငါဘာလုပ်ရမည်လဲ......
" Jimin Hyung ပြောမှာလား မပြောဘူးလား.....!!!!! °
" အော ငါတို့ ခု Game City မှာ....... "
° ဟုပီ ဟုပီ ကျွန်တော်တို့ လာပီ စောင့်နေ...... °
ပြောပီးသည်နှင့် ဖုန်းချက်ချင်းချသွားသော အမြွှာများ......
ဂျီမင်က ယခုမှ ၀န်ပေါ့သွားသလို ခံစားရပေမယ့် ဆံပင်အား ဆောင့်ဆွဲခံလိုက်ရမှုနှင့်အတူ လူက တစ်ဖက်သို့ ချက်ချင်းပါသွားရ၏။
" ခွေးကောင် မပြောပါနဲ့ဆို..... "
" ရား မပြောဘဲ နေရမှာလားကွ မင်းဟာတွေက ချက်ချင်းပဲ ငါ့ကို လာသတ်တော့မလိုနဲ့...... "
" မသိဘူးဆိုပီး နေလိုက်ပါလားကွ ငကြောက်ကောင် ကြောက်နေရောပဲ..... ချီးလိုပဲ..... "
" မသိဘူး မသိဘူး မင်းကိစ္စ မင်းရှင်း....... ငါကတော့ ပြောပီးပီ...... မသိဘူး မသိဘူး...... "
" ဟိတ်ကောင် စောင့်ဦးလေကွာ...... "
မသိဘူး မသိဘူးဆိုကာ ရှေ့မှ ကော့တော့ကော့တော့နှင့် ထွက်သွားသော သူငယ်ချင်းဖြစ်သူနောက်သို့ ထယ်ယောင်း အပြေးတစ်ပိုင်းလိုက်ခဲ့ရပြန်သည်......
ထစ်ခနဲရှိ ကောက်မယ်ဆိုတာချည်းပဲ......
ချီး..... ချီး......
ထယ်ယောင်းတစ်ယောက် ရှေ့ဆက်ရင်ဆိုင်ရမည့် အရာများအား တွေးကာ လန့်နေမိသည်က အမှန်......
















Our Baby Hyung  ♡ [ Completed ]Where stories live. Discover now