ဒီလိုနှင့် နှစ်ပတ်ပြည့်ပီးနောက် Seoul မြို့သို့ ပြန်ချိန်ကျရောက်လာ၏။
အမေ့ကိစ္စကလည်း ရှောရှောရှုရှုပီးသွားသဖြင့် အနဲငယ် စိတ်အေးသွားရသည်ကအမှန်.....
ဟိုမှာကျန်ရှိနေသေးသော အလုပ်များကလည်း ပုံနေပီမို့ Yoongi ပြန်ချင်စိတ်က ပိုနေမိသည်....
တူနှစ်ကောင်ကျောင်းကိစ္စကလည်းရှိသေးသည်မို့ ဆက်နေ၍ မဖြစ်တော့....
အဖေဖြစ်သူအား တူတူနေဖို့ခေါ်ပါသော်လည်း ဆိတ်ငြိမ်စွာနေချင်သည်ဟုဆိုကာ ငြင်းခဲ့၏။
အင်းလေ အဖေလည်း သူ့ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်းချင်မှာပါပဲ....
သားတွေ မြေးတွေနဲ့ဆို မျက်စိရှုပ်နားရှုပ်နဲ့...." Yoongi ငါတို့ ဒီနေ့ပြန်မှာမလား.... "
" ဪ အင်းမ် ပြန်မှာလေ.... "ထမင်းစားနေရင်းမှ မေးလာသော ညီဖြစ်သူကြောင့် အတွေးစပြတ်ကာ လက်ရှိ ပစ္စုပ္ပါန်ဆီ ပြန်ရောက်သွား၏။
အနားတွင်တော့ ထမင်းစားနေကြသော မိသားစု...." ဦးလေး Min ဒါဆို ဒီနေ့ပြန်မှာပေါ့နော်.... "
" ဟုတယ် Tae Tae လည်း မိဘတွေကို လွမ်းနေပီမလား.... "
" အာ သိပ်တော့မလွမ်းပါဘူး ဦးလေး Min ရဲ့.... ဒီတိုင်းမေးကြည့်တာ... "
" ဟုပါပီ.... "* Tae Tae Hyung က ကျွန်တော်တို့ကို မချစ်ဘူးနဲ့တူတယ်.... ဟွန့် အိမ်ပြန်ချင်နေပီးတော့.... *
" ဟာ အဲ့လိုမဟုတ်ပါဘူးကွာ မင်းကလည်း တစ်ဆိတ်ရှိ စိတ်ကြီးပဲ... "
° ဟုပါ့ အငယ်ကောင်ကလည်း ကောက်ပြန်ပီ Tae Tae Hyung လည်း Appa တို့ကို လွမ်းနေမှာပေါ့ ဟုတယ်နော် Tae Tae Hyung.... °
" ဟုတာပေါ့.... ဟိုတျောက်က တစ်ဆိတ်ရှိ ကောက်ဖို့ပဲတွေးနေ.... "
* ဟွန့် Tae Tae Hyung ကပြောဖို့ပဲ စိတ်ပူလို့ပြောတာကို.... *
" ဟုပါပီ မင်းကလေ... "
" ကဲ ကဲ စားကြတော့ စကားများမနေကြနဲ့.... "စကားများ တရစပ်ပြောနေသော ထိုသုံးကောင်အားကြည့်ရင်း Yoongi ဟန့်လိုက်၏။
နောက်တော့ သူ့အား ပြူးကြည့်ကာ ထမင်းဆက်စားနေကြသော တူများအား တစ်ချက်ပြန်ကြည့်လိုက်သည်....
အကြည့်များက ခုံစွန်းတွင် ထိုင်နေသော ကောင်လေးဆီသို့ မထင်မှတ်ဘဲ ရောက်သွားမိ၏။
ခေါင်းမဖော်ဘဲ စားနေသော ကောင်လေး.....
ဒီနေ့တွေ့မှ မျက်နှာလေးက ပိုချောင်ကျသွားသလို....
ဘာများဖြစ်လို့ပါလိမ့် နေများမကောင်းဘူးလား ?
YOU ARE READING
Our Baby Hyung ♡ [ Completed ]
FanfictionHyung က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အပိုင်ပဲ ဖြစ်ရမယ်..... အော် ဟော် သိပါတယ်ဆိုနေ.....