❀ 38 ❀ ( Z + U )

663 61 19
                                    

" တကယ်ကြီးပဲ စေ့စပ်ရတော့မှာလား...... "
အခန်းထဲရှိ ကုတင်ပေါ်ထိုင်ရင်း Taehyung အတွေးများနေမိသည်......
စိတ်လှုပ်ရှားလွန်းသဖြင့် လက်ထိပ်ကိုသာ တတိတိကိုက်နေမိပြန်၏။
များပြားလှသော အတွေးတို့အား ထိန်းချုပ်နိုင်စွမ်းမရှိသည့်ငှာ အောက်ထပ်သို့ ပြေးဆင်းခဲ့ပြန်သည်.....
Appa ကိုတော့ အသေအချာမေးမှဖြစ်မည်.....
" Appa...... Appa..... "
" အေး ဘာလဲ...... "

အပေါ်ထပ်မှနေ၍ ကမန်းကတန်းပြေးဆင်းလာသော သူ့ကိုပင် ဂရုမစိုက်ဘဲ ကြက်သွန်နွှာနေသည့် Appa ပုံစံက တကယ်အေးအေးချမ်းချမ်းရယ်......
" Appa မနေ့က ပြောတာ အမှန်လား...... "
အနည်းငယ် တုန်ယင်နေသော အသံဖြင့် အရဲစွန့်ကာ ထပ်မေးမိပြန်သည်......
" အေး....... "
မေးခွန်းနောက်တွင် ခပ်ပြတ်ပြတ်ဖြေသံက ချက်ချင်းထွက်လာ၏။
Appa ၏ မျက်နှာရိပ်မျက်နှာကဲ ကို ဖမ်းပါသော်လည်း ဖမ်းမရ.....
" တကယ်ကြီးပြောနေတာလား Appa ဒါနောက်စရာမဟုဘူးနော်..... "
" တကယ်ဆို နောက်နေ့ကျ ဟိုဘက်အိမ်က လူတွေ လာစကားပြောလိမ့်မယ်...... "
" Appa...... !!!! "
ကိုယ့်သားတစ်ယောက် စေ့စပ်မည့်ကိစ္စကို အေးအေးလူလူစီစဉ်နေသော Appa ဖြစ်သူကြောင့် Taehyung အံ့ဩတကြီး‌ကြည့်ရုံသာ တတ်နိုင်တော့သည်......
" တကယ်ကို စေ့စပ်ပေးတော့မှာလား Appa က တစ်ဦးတည်းသော သားလေးကိုလေ..... သူများလက်ထဲ ထည့်ပေးတော့မှာလား...... "
အနည်းငယ် ၀မ်းနည်းနေသော အသံနှင့် ဆိုမိတော့ ညိုမှိုင်းသော မျက်၀န်းများနှင့် မျက်လုံးချင်းဆုံမိ၏။
" လာ ဒီမှာ လာထိုင်...... "
တစ်ဖက်ရှိ လွတ်နေသော ထိုင်ခုံအား ရွေ့ကာ လာထိုင်ခိုင်းသည်မို့ Taehyung စွေ့ခနဲ ၀င်ထိုင်လိုက်သည်......
" Tae သားလေးက အခု အရွယ်ရောက်လာပီလေ Appa တို့လည်း တဖြည်းဖြည်းအသက်ကြီးလာပီ...... အဲ့တာကြောင့် သားလေးကို စိတ်ချရတဲ့သူနဲ့ ထားပေးခဲ့ချင်တယ်....... "
" ဒါပေမယ့် Appa ဒါက စောသေးတယ် မဟုဘူးလားဟင် ပီးတော့ ပီးတော့ ဟိုနှစ်ကောင်က အရမ်းငယ်...... "
" သူတို့လည်း အရွယ်ရောက်ကုန်ပါပီ သားရဲ့ သားမျက်လုံးထဲမှာသာ ငယ်သေးတယ်ထင်နေတာပါ...... ပီးတော့ Appa တို့မရှိတော့ရင် တစ်ယောက်တည်းကျန်ခဲ့မယ့် သားကို စိတ်ပူလို့...... "
" ဟာ Appa ဘာတွေပြောနေတာလဲ မရှိတော့ရင်ဆိုတဲ့ စကားကြီးမပြောစမ်းပါနဲ့ Tae မကြိုက်ဘူး ပီးတော့ Tae က Appa တို့နဲ့ပဲနေမှာ...... Appa တို့ကို မခွဲနိုင်ဘူးလို့ ဟင့်...... "
ဆုံးမစကားပြောနေသော Appa ကြောင့် Taehyung မငိုဘဲ မနေနိုင်.......
မျက်ရည်များစီးကျလျက် Appa အား ဖက်ထားမိသည်......
Appa ကတော့ ကျောပြင်လေးအား တဖွဖွပုတ်ကာ အားပေးနေ၏။
" ကဲ ကဲ ကလေးလည်းမဟုတ် ငိုမနေစမ်းနဲ့...... Appa တို့ ဘယ်မှမသွားဘူး ဟုပီလား..... တိတ်တော့.....လူကြီးဖြစ်နေပီ ခုထိ ကလေးစိတ်ကာ မပျောက်သေးဘူး....... "
" ဟာ Appa ကလည်း လူကို ၀မ်းနည်းအောင်ပြောနေပီးတော့..... "
" ဟော အမှန်ပြောတာလေ ငါ့သားလေး အဆင်ပြေဖို့အတွက် စီစဉ်ရတာကို........ "
" ဟွန့် ဘာပဲဖြစ်ဖြစ် လူကို ၀မ်းနည်းအောင် Appa လုပ်တာပဲ..... "
" အေးပါဟာ အေးပါ သွားတော့ ငါဒီမှာ ဟင်းချက်ရဦးမှာ..... နေ့လည်စာအတွက် ပြင်ရမှာတွေရှိသေးတယ်..... "
" Tae လည်း ကူလုပ်ပေးမယ်လေ..... ဘာလုပ်ပေးရမလဲ ပြော...... "
" နေပါ အဖျက်သမားလေးရယ် ငြိမ်ငြိမ်လေးသာနေ ဟုပီလား ငါပဲ လုပ်ပါ့မယ်...... "
" Appa က Tae ကို ငြိုငြင်တာလား...... "
" မဟုပါဘူးဟာ သွားစရာလေးဘာလေး မရှိဘူးလားဟေ ဒီမှာ လာလာ ရှုပ်နေတာ...... "
" မရှိလို့ ငြိမ်နေတာပေါ့ Appa ရ ဟိုကောင်ကလည်း ဖုန်းတောင်မဆက်ဘူး ပစ်ထားတာ...... "
" ဟော ပစ်ထားတယ်ပဲ ရှိသေး...... ကဲ စကားများမနေနဲ့ ရော့ ဒီပဲပင်ပေါက်တွေ သင်ထား....... "


Our Baby Hyung  ♡ [ Completed ]Where stories live. Discover now