❀ 40 ❀ ( Z + U )

619 55 6
                                    

* ဒါနဲ့ ဦးငယ်က ဘာလို့ အဲ့လိုကြီးမေးတာလဲ ကျွန်တော်တို့ကို မယုံတာလား...... *
အနည်းငယ်တည်တင်းသော မျက်နှာထားနှင့် စကားဆိုလာသော အငယ်ကောင်.......
Hoeseok မှာတော့ ဘာဆက်ပြောရမည်မှန်း မသိဘဲ တံတွေးကိုသာ မြိုချနေမိသည်။
" အဲ့လိုလည်း မဟုပါဘူးကွ ဘာပဲဖြစ်ဖြစ်လေ မင်းတို့က ငယ်သေးတော့ တော်ကြာ စိတ်ကစားတာဖြစ်နေခဲ့ရင် ဟိုဘက်ကို အားနာစရာဖြစ်သွားနိုင်တယ်မဟုလား..... အဲ့တာကြောင့်ပါ..... "
° ဒါပေမယ့် ကျွန်တော်တို့က Tae Tae Hyung ကို တကယ်ချစ်တာလေ ပီးတော့ အသက်အရွယ်ကိစ္စကလည်း အမြဲထည့်ထည့်ပြောနေကြတာပဲ..... အဲ့တာကို မတွေးလို့မရဘူးလား...... ကျွန်တော်တို့ကိုလည်း စောင့်ကြည့်ပေးလို့မရဘူးလား ဦးငယ်ရယ်....... °
အနည်းငယ် ညှိုးနွမ်းသော မျက်၀န်းဝိုင်းများနှင့် ကြည့်ကာ ဆိုလာသော စကားကြောင့် Hoeseok မှာငြင်းဆန်နိုင်ခြင်းမရှိဘဲ ခေါင်းသာ တွင်တွင်ငြိမ့်ရတော့၏။
တကယ်လည်း မှန်ပါသည်......
သို့သော် ကံကြမ္မာကို သူတို့ကြိုသိနိုင်တာ မှတ်လို့.....
အနည်းငယ်ပျက်ယွင်းနေသော သူ့မျက်နှာအား ညီအစ်ကို နှစ်ကောင်က ရိပ်မိသွားသည့်ဟန်ဖြင့် ဆက်ပြောလာပြန်၏။
* ဦးငယ်နော် ဦးငယ် ကြည့်နေကြ K Drama ထဲကအတိုင်း တွေးမနေနဲ့ အဲ့တာက ရုပ်ရှင် ကျွန်တော်တို့က အဲလိုလုပ်ရပ်တွေ လုပ်မှာ မဟုဘူး..... *
" အေးပါ ငါသိပါတယ်..... မင်းတို့ကလည်း ဟောက်ဖို့ချည်းပဲ သွား သွားတော့ ရှေ့အပတ်ကြ စေ့စပ်ပွဲလုပ်မယ် စီစဉ်ထားတယ်.... "
° ဝိုးးးး တကယ်ကြီး စီစဉ်တာက မြန်ပါရော....... °
တဝိုးဝိုးဖြင့် ထခုန်မတတ်ဖြစ်နေသော တူတော်မောင်အား Hoeseok မနိုင်ဘူးဟူသော အကြည့်ဖြင့်သာ ကြည့်ပေးလိုက်၏။
တကယ်လည်း မလွယ်တာပဲ.....

















အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်းမှ ညီအစ်ကိုနှစ်ဦး ပီတီပြုံးကြီးများဖြင့် အတွေးကိုယ်စီ ငြိမ့်နေကြသည်.....
* ငါတို့ တကယ်ပဲ Tae Tae Hyung နဲ့ လက်ထပ်ရတော့မှာလားဟင်...... ငါဖြင့် ယုံတောင် မယုံနိုင်သေးဘူး...... *
° ယုံလိုက်စမ်းပါကွ ငါတို့ ငယ်ငယ်တည်းက ချစ်ရတဲ့သူနဲ့ ယူရတော့မှာ လောကမှာ ဒီလိုအရာလောက်ပျော်ဖို့ကောင်းမယ့်ဟာ ရှိမယ်မထင်တော့ဘူး...... °
ယုန်သွားလေးများပေါ်သည်အထိ ပြုံးကာ တဟားဟားအော်ရယ်မိပြန်သော သူတို့.....
တကယ်ကို အပျော်ရဆုံးဆိုသည်ကတော့ ဘေးက မြင်ရသူများပင် အလိုလိုပြုံးမိမတတ်.......













Our Baby Hyung  ♡ [ Completed ]Where stories live. Discover now