" အား မင်းတို့က ဘာလို့..... !!!!! အား..... !!!!! "
အသံပြဲကြီးနှင့် ထအော်ပါသော Hyung ကြောင့် Jungkook တို့ခမျာ နားစည်ကွဲမတတ်......
အိပ်ရာမှ ကမူးရူးထိုးထထိုင်လိုက်တော့ လက်သေးသေးလေးများဖြင့် ဆံပင်များအား လာဆွဲသော သူ.....° အ့ အ့ နာတယ် Hyung ရဲ့..... °
* အား Hyung ရယ် မရှိမဲ့ရှိမဲ့ဆံပင်လေးတွေတော့ ကုန်ပါပီ..... အားရို့ရို့ နာလိုက်တာဗျာ..... *
" မင်းတို့ကို မင်းတို့ကို မကျေနပ်ဘူး အလကားကောင်တွေ ယုန်အစုတ်ပလုတ်တွေ..... Yarrrr..... !!!!! "
* အား တော်ပါတော့ တော်ပါတော့ Hyung ရယ် နာနေပီဗျ..... *နေမကောင်းဖြစ်သည်သာဆိုတယ် လူနှစ်ယောက်၏ ဆံပင်များအား ဆောင့်ဆွဲနိုင်သော Hyung ၏ ဇက မသေးလှ......
အခန်းထဲမှ ပြိုင်တူထွက်ပေါ်လာသော အော်သံများကြောင့် SeokJin တို့ ကပျာကယာ ပြေးကြည့်ရပြန်သည်.....
အထဲတွင်တော့ လူကောင်ထွားထွားအမြွှာနှစ်ကောင်အား အပေါ်မှတတ်ခွကာ ဆံပင်ဆောင့်ဆွဲနေပါသော သားတော်မောင်.....
ထိုမြင်ကွင်းကြီးအား SeokJin မယုံနိုင်စွာ ပါးစပ်အဟောင်းသားနှင့် ရပ်ကြည့်နေမိ၏။
လက်ထဲတွင်လည်း ပေါင်မုန့်ထောပတ်သုတ်ကြီးက ယိုတွေတစ်စက်စက်ကျလို့နေလျက်....." ဟာ ဟေ့ ဟေ့ တော်ကြပါတော့ သား Tae Tae ကလေးတွေကို ဘာလို့ဆောင့်ဆွဲနေတာလဲ လွှတ်စမ်း..... လွှတ် Daddy Joon လွှတ်လို့ပြောနေတယ်နော်..... Tae Tae..... "
အနောက်မှ ပြေးလာကာ သူ့အားဝင်တိုက်လျက် ကလေးတွေအား သွားဆွဲရှာသော Namjoon.....
Namjoon အားကြီးနှင့် အတင်းလုဆွဲတာတောင်မှ ထိုကလေးက အလျှော့မပေးသေး....." Kim Taehyung မင်း ဒီလိုဆိုးနေဦးမှာလား..... ကလေးတွေကို လွှတ်ပေးလိုက်လို့ ပြောနေတယ်လေ..... Kim Taehyung......!!!!! "
ဟိန်းထွက်လာသော အသံကျယ်ကြီးနှင့်အတူ မျက်နှာငယ်လေးနှင့် ငြိမ်ကျသွားရှာသော Tae Tae....
Namjoon မှာတော့ မျက်နှာကြီးနီရဲကာ ဒေါသထွက်လာနေပီ......
သူဒေါသထွက်လျှင် မည်မျှဆိုးတတ်ကြောင်း အကြောင်းသိနေသော SeokJin မှာတော့ အသက်ပင်မရှုရဲတော့ .....
သွားပီ Kim Taehyung ရေ မင်းတော့ အိပ်နေတဲ့ Lion ကိုမှနှုတ်ခမ်းမွှေးသွားဆွဲတာပဲ......သေပီ သေပီ......
အမြွှာနှစ်ကောင်မှာလည်း ခေါင်းလေးတွေပွတ်လျက် မျက်နှာတို့က ပြိုတော့မည့်မိုးလိုပင်.....
YOU ARE READING
Our Baby Hyung ♡ [ Completed ]
FanfictionHyung က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အပိုင်ပဲ ဖြစ်ရမယ်..... အော် ဟော် သိပါတယ်ဆိုနေ.....