❀ 45 ❀ ( Final )

1.2K 65 6
                                    

ဒီလိုနှင့် အချိန်များ‌တရွေ့ရွေ့ကုန်ဆုံးကာ SeokJin တို့ Australia သွားရမည့် အချိန်သို့ပင်ရောက်ခဲ့ပီ......
Taehyung ကတော့ သွားရမယ့်ရက်နီးလာသည်နှင့်အမျှ Appa နားကပင် မခွာတော့.....
တစ်နေ့တစ်နေ့ အနားကပ်ကာ ကပ်ချွဲရသည်က အလုပ်တစ်ခုလိုဖြစ်နေသည်.....









လေဆိပ်တွင်......
" Appa , Tae Tae ကိုဖုန်းဆက်နော်..... အလုပ်မြန်မြန်လုပ်ပီး ပြန်လာနော်..... Daddy Joon, Appa ကိုဂရုစိုက်နော်..... "
" Daddy Joon ဂရုစိုက်မှာပါ Tae ရဲ့ Tae သာ ဒီမှာလိမ်လိမ်မာမာနေခဲ့နော်..... Kook နဲ့ Guk တို့ မင်းတို့အကိုကို စောင့်ရှောက်ပေးပါဦး..... "
* စိတ်ချပါ Daddy Joon ကျွန်တော်တို့ ဂရုစိုက်ပါ့မယ် Daddy Joon တို့လည်း ကောင်းကောင်းသွားပါ ခင်ဗျ..... *
" အေးကွယ် မင်းတို့ရှိလို့ပဲ စိတ်ချတာ..... ကဲ လေယာဉ်ပေါ်တတ်ရတော့မယ်.... Yoongi နဲ့ Hoeseok မင်းတို့ကို အပ်ပါတယ်နော်..... "
" စိတ်ချပါ ကျွန်တော်တို့ ဂရုစိုက်လိုက်ပါ့မယ်..... "
" စိတ်ချ ဦးလေးSeokJin ကျွန်တော်လည်း Tae Tae ဆီနေ့တိုင်းသွားမှာပါ....... "
မျက်လုံးပေါက်များ မှိတ်ကျသွားသည်အထိ ပြုံးကာ ပြောနေသော ကောင်လေးအား Yoongi ခိုး၍ ငေးနေမိသည်.....
အတန်ကြာတော့ သူ့ဘက်သို့ရောက်လာသော အကြည့်စူးစူးနှင့်အတူ စူပုတ်သွားသော မျက်နှာလေး.....
ဟော ဒီကလေး ဘာဖြစ်နေပါလိမ့်.....











" Appa, Daddy Joon.... တ့တာ...... အီး..... "
လေယာဉ်ပေါ်တတ်သွားသော အဖေနှစ်ယောက်အား လက်ပြနေရင်းမှ တရှုံ့ရှုံ့ငိုနေပါသော Taehyung.....
အမြွှာနှစ်ယောက်မှာ‌တော့ အငိုတိတ်စေခြင်းငှာ ‌အကိုငယ်အား ဖက်ထားပါသော်လည်း တိတ်သွားခြင်းမရှိ.....
အင်းမ် ဘယ်လောက်တောင်၀မ်းနည်းနေလိုက်မလဲ......
° ကျွန်တော်တို့ရှိတယ်လေ Tae Tae Hyung, Appa တို့က ခဏပဲကြာမှာပါ..... နော် တိတ်တော့..... °
" အွန်း...... "
နွေးထွေးစွာဆိုလာသော အကြီးကောင်လေး၏စကားအား လက်ခံရင်း Taehyung ခေါင်းငြိမ့်ပြမိသည်.....
" ကဲ ပြန်ကြမယ်လေ..... ဟိုရောက်ရင်တော့ Namjoon Hyung ဖုန်းလှမ်းဆက်မယ်ပြောတယ် မင်းတို့နှစ်ကောင်က Tae Tae အိမ်ထဲက ပစ္စည်းတွေဝိုင်းရွှေ့ပေးထားကြ..... "
* သိပါတယ် ဦးလေး Min ရဲ့..... ချက်ချင်းကြီးပဲ..... *
" ဘာလဲ မင်းတို့က ငါပြောတဲ့စကား နားမထောင်ချင်တာလား.... "
လေဆိပ်တွင် ထသတ်မည်ပြင်နေသော တူ၀ရီးကြား Hoeseok မ၀င်၍မရ....
တူတွေကလည်း မထိတထိစသလို ဒေါသအထွက်လွန်သော အကိုဖြစ်သူကလည်း မလွယ်.....
" ကဲ တော်ပါတော့ မင်းတို့ရန်ဖြစ်နေတာနဲ့ ကလေးက ပို၀မ်းနည်းတော့မယ်..... လာ လာ ဦးငယ်နဲ့သွားမယ် Tae လေး..... Jiminnie လည်း လာ..... "
သူတို့အား လှည့်ပင်မကြည့်ဘဲ ဦးငယ်နောက်ပါသွားသော ထိုနှစ်ယောက်အား ကြည့်ရင်း အမြွှာနှင့် ဦးလေး Min မှာ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးလျက်သား......













Our Baby Hyung  ♡ [ Completed ]Where stories live. Discover now