❀ 44 ❀ ( Z + U )

545 53 7
                                    

" ဟျောင့်တွေ မနိုးသေးဘူးလား..... "
မနက်စောစောစီးစီး အမြွှာတို့၏အခန်းထဲသို့ရောက်နေသော Taehyung...
သူအော်တာကိုပင် တုတ်တုတ်တောင်မလှုပ်ကြသော အမြွှာတွေကြောင့် အနည်းငယ်တော့ စိတ်တိုလာရသည်......
ခါတိုင်းဆို လာလေ့မရှိပေမယ့် မနေ့က ဟိုပတ်ပုကျိအကြောင်းပြောပြချင်၍သာ လာခဲ့ခြင်းဖြစ်၏။
သူ့မှာဖြင့် ညကအိပ်ပင်မပျော်ခဲ့.....
ပတ်ပုကျိနှင့်ဦးလေး Min
ပတ်ပုကျိနှင့်ဦးလေး Min ဟုရေရွတ်၍ တစ်ညလုံး မျက်လုံးပြူးခဲ့ရသည်......










" ရား ဟေ့ကောင်တွေ မထကြသေးဘူးလား...!!!!!! "
နှစ်ကောင်လုံး၏ နားရွက်များအား ဆွဲလိမ်ကာ လောဆော်ပါမှ မျက်စိမျက်နှာပျက်ကလေးများနှင့် ထလာကြ၏။
* ဟင် Tae Tae Hyung က ဘယ်ကဘယ်လိုရောက်..... *
° ဟာ ဘယ်အချိန်တည်းက ရောက်နေတာလဲ Hyung က..... °
" ရောက်နေတာကြာပီကွ မင်းတို့သာ မနိုးကြတာ..... အဲ့လိုပုံစံနဲ့များ ငါနဲ့ယူဦးမယ်တဲ့..... အိပ်ရာတောင်စောစောမထဘဲနဲ့..... "
မျက်‌စောင်းကြီးထိုးကာ နှုတ်ခမ်းတစ်လှန်ပန်းတစ်လှန်ဖြင့် ရန်တွေ့နေသော ရှေ့မှ‌အကောင်ပေါက်လေးက အမြင်ကတ်စရာမကောင်းဘဲ သိပ်ချစ်ဖို့ကောင်းနေ၏။
ပြောလည်းပြောသေး သူတို့ကုတင်ပေါ်သို့ တတ်ကာ ခေါင်းအုံးများပြန်စီနေသည်က ညားခါစ အသွင်ဖြစ်လို့နေပြန်သည်......
တစ်ချက်တစ်ချက် နှာ၀သို့ လာလာကျီစယ်သော ရှန်ပူရနံ့လေးက အမြွှာနှစ်ကောင်အား မနမ်းနမ်းအောင်ဆွဲဆောင်နေသလို......
" အင့် မင်းတို့ဘာလုပ်..... "
ရုတ်တရက်မြန်ဆန်သော လက်များက ခါးအားဆွဲဖက်ကာ ကိုယ်နှစ်ကိုယ်ကြားထဲ Taehyung ရောက်သွား၏။
ရုန်းမည်ပြင်ပါသော်လည်း သူတို့လက်ထဲကထွက်ဖို့ပင်အနိုင်နိုင်.....
တစ်ဆက်တည်းမှာပင် ပါးပြင်ဆီသို့ရောက်လာသော ခပ်နွေးနွေးအတွေ့အထိများကြောင့် မျက်လုံးလေးဝိုင်းစက်လို့သွား၏။
° ဟာဗျာ သိပ်ချစ်ဖို့ကောင်းနေတာပဲ...... ကျွန်တော်တို့ကို သမာဓိအားကောင်းတဲ့သူတွေများ ထင်နေသလား..... °
" ဘာ ဘာဆိုင်လို့..... မင်းတို့ပဲ ငါ့ပါးကို ဗလိုင်းကြီးလာနမ်းပီးတော့ ဖယ် ဖယ်..... "
* ဟင့်အင်း ကျွန်တော်တို့ကို ပြန်နမ်းပီးမှ ဖယ်ပေးမယ်..... ခုပြေးဖို့မကြိုးစားနဲ့..... *
" မင်းတို့ကလေ တကယ်ပဲ..... မျက်နှာမသစ်ထားဘဲနဲ့ ငါမနမ်းဘူး..... "
° အော အဲ့တာဆိုလည်း Hyung မနမ်းမချင်းကျွန်တော်တို့ မျက်နှာမသစ်ဘူး...... °
မျက်ခုံးတစ်ဖက်ပင့်ကာ ခပ်ဆဆဆိုလာသော အမြွှာနှစ်ကောင်ကြောင့် Taehyung ရင်မှာတလှပ်လှပ်.....
အမြွှာတွေက ပြောလျှင်ပြောသလိုလုပ်သည်မို့ သူငြိမ်နေရသည်.....
ခက်ပီ ခက်ပီ ငါကိုက လာမိတာ အမှား.....












Our Baby Hyung  ♡ [ Completed ]Where stories live. Discover now