❀ 42 ❀ ( Z + U )

512 51 2
                                    

" မင်းတို့ကို ယုံလို့ရတယ်မဟုလား..... "
အငယ်ကောင်၏ ကျောပေါ်တွင် ပါလာသော အကိုငယ်ဆီမှ ထွက်ပေါ်လာသော အသံရယ်......
Jungkook ကြည့်မိတော့ အတန်ငယ်မျက်ရည်ဝိုင်းနေသော မျက်၀န်းကြီးများနှင့် ရင်ဆိုင်ရ၏။
° ဒါပေ့ါ Hyung ရဲ့ ကျွန်တော်တို့ကိုပဲကြည့်ပီး ကျွန်တော်တို့ပဲယုံပါနော်...... °
" ဒါပေမယ့် K Drama ထဲကလို မင်းတို့အသစ်တစ်ယောက်တွေ့သွားခဲ့ရင်..... ငါ့ကို..... "
* မဟုတာတွေ မပြောစမ်းနဲ့ Hyung ရဲ့ ကျွန်တော်တို့ မျက်လုံးထဲမှာ Hyung တစ်ယောက်တည်းကိုပဲမြင်ပီး ချစ်ခဲ့ရတာ ငယ်ငယ်လေးတည်းကနေ ခုထိပဲ...... ငယ်ကချစ်နှစ်တစ်ရာဆိုတဲ့ စကားအတိုင်းပဲ ကျွန်တော်တို့အချစ်ကပြောင်းလဲသွားမှာမဟုဘူး...... *
" အင်းဘာ...... "
စကားကြီးစကားကျယ်များနှင့် ပြောလာသော အငယ်ကောင်ကြောင့် Taehyung နှုတ်ဆိတ်၍သာနေနေလိုက်သည်......
တကယ်တမ်းနှုတ်ကသာ မယုံဘူးပြောနေပေမယ့် သူကိုယ်တိုင်လည်း ယုံလိုက်ချင်ပါသည်......
ထားခဲ့မလားဟူသော အကြောက်တရားကြီး မရှိခဲ့လျှင်ဖြင့်......
















" အိမ်ရောက်ပီပဲ ချပေးတော့လေ...... "
* အွန်း ဖြေးဖြေးဆင်း..... *
" မင်းတို့လည်း ပင်ပန်းနေပီမလား သွားနားကြတော့..... "
° နေပါဦး Hyung ရဲ့ ကျွန်တော်တို့ဒီနေ့ Hyung နဲ့အိပ်ချင်တယ် အိပ်လို့ရမလားဟင်...... °
" ဟမ်...... "
လက်အားဖမ်းဆုပ်ကာ ဆိုနေပုံက မသိလျှင် ခြိမ်းခြောက်နေသည့်ပုံ......
Taehyung ရုန်းထွက်မည်ပြင်ပါသော်လည်း နီးကပ်လာသော ကိုယ်နှစ်ခုကြောင့် ရုန်း၍မရခဲ့......
* ဘာလဲ Hyung က ကျွန်တော်တို့ကို မချစ်တာလား.... ခါတိုင်းဆို ခေါ်ခေါ်အိပ်နေကြသူက..... *
" အဲ့လိုမဟုဘူးလေကွာ...... နောက်ပိုင်းကျ တူတူနေရမှာပဲကို..... ခု ငါတစ်ယောက်တည်းအိပ်ချင်သေးလို့...... "
° အင်းပါ ကျွန်တော်တို့ အိမ်ပေါက်၀မှာပဲ ဒီညနေလိုက်တော့မယ်...... °
" မင်းတို့မှာအိမ်ရှိတယ်လေ ဘာလို့အိမ်ပေါက်၀မှာနေမှာလဲ...... "
* ကျွန်တော်တို့က ဒီနေ့ Hyung အိပ်ရာကလွဲရင်ဘယ်နေရာမှာမှ မအိပ်ဘူးလို့ ဆုံးဖြတ်ထားလို့.....ခု Hyung နဲ့မအိပ်ရတော့ အိမ်ပေါက်၀မှာပဲ အိပ်လိုက်တော့မယ်...... *
" မင်းတို့ကလေ..... တကယ်ကို........ "
မျက်နှာငယ်လေးများနှင့် သနားစဖွယ်ကောင်းအောင် လုပ်ပြနေပုံက ကိုယ်နှင့်မလိုက်......
နောက်ဆုံးတော့လည်း ထယ်ယောင်းသက်ပျင်းချကာ အိပ်ရန်ခေါင်းငြိမ့်ရတော့သည်......
ညီအစ်ကိုနှစ်ယောက်သည် သူတို့လိုချင်တာရဖို့ဆို အသဲအသန်ရအောင်လုပ်တတ်ပါ၏။














Our Baby Hyung  ♡ [ Completed ]Where stories live. Discover now