Prologue

5.2K 307 50
                                    

Unicode & Zawgyi

Unicode

နက်ပြာရောင်ခြယ်မှုန်းထားတဲ့ကောင်းကင်။ညနေစောင်းပင်ဖြစ်လင့်ကစားထူထပ်နေတဲ့တိမ်တိုက်တွေနဲ့စုံးစုံးမြုပ်နေသောနေရောင်ခြည်ဟာမကောင်းသောနမိတ်ဆိုး၏ရှေ့ပြေးကဲ့သို့။

ထိုနက်ပြာရောင်ကောင်းကင်ကြီး၏အောက်တွင်ငြိမ်သက်နေသောပင်လယ်ပြာကြီးသည်လေတစ်ချို့၏ရိုက်ခတ်မှုဒဏ်ကြောင့်တစ်ခဏအတွင်းမှာပင်လှိုင်းလုံးများထလာကာအော်ဟစ်မြည်တမ်းလာသည်ကကြောက်မခန်းဖွယ်။

ထိုပင်လယ်ပြာကြီး၏ဘေးတွင်တည်ရှိသောကတ္တရာလမ်းမထက်ပြေးလွှားနေသောပြိုင်ကားနီနီလေးသည်လည်းလေ၏အရှိန်ကဲ့သို့မောင်းနှင်နေသည်မှာအသည်းအေးစရာ။အနက်ရောင်steering wheelကိုဆုပ်ကိုင်ထားသောဖြူသွယ်သွယ်လက်ချောင်းများသည်ဒေါသများပြည့်နှက်နေသော်ငြားတစ်ဆက်ဆက်တုန်ရီနေသည်။ခက်ထန်နေသောမျက်နှာထားသည်ငယ်ရွယ်မည့်ပုံပေါ်သော်လည်းအရှိန်အဝါတစ်မျိုးကဖုံးအုပ်ထားသည်။

ပျံ့လွှင့်လာတဲ့ဖုန်းမြည်သံကိုဂရုမစိုက်စွာဆက်မောင်းနေပေမယ့်ဆက်တိုက်လာတဲ့အသံတွေကြောင့်စိတ်ရှုပ်စွာဖုန်းကိုကောက်ကိုင်လိုက်မိတယ်။

"ကျွန်တော့်ကိုလာမခေါ်နဲ့!!"

ဖုန်းကိုကိုင်ပြီးအော်ဟစ်ကာချဖို့ပြင်လိုက်ပေမယ့်ဆက်ထွက်လာတဲ့စကားသံတွေကြောင့်နားထောင်နေလိုက်တယ်။ရှင်းပြခြင်းမမြည်တဲ့ဆင်ခြေတွေကြောင့်ဖုန်းကိုင်ထားတဲ့လက်ဖြူဖြူသွယ်သွယ်ဟာတုန်ယင်လို့နေတယ်။မမြင်နိုင်မှန်းသိပေမယ့်အောက်နှုတ်ခမ်းထူထူကိိုဖိကာကိုက်ထားလိုက်တယ်။

"ဒါဆိုဘာလို့ထွက်သွားခဲ့တာလဲ!!"

"....."

တစ်ဖက်ကစကားသံတွေကြားတော့ပိုလို့တိုးလာတဲ့ဒေါသတွေအတွက်ပုံချစရာနေရာဟာခြေဖဝါးအောက်မှာဖိနင်းခံထားရတဲ့လီဗာလေးဖြစ်လို့နေတယ်။ဒိုင်ခွက်မှာရှိတဲ့ကီလိုမီတာပြတဲ့မြှားတံနီရဲရဲလေးဟာလည်း120ဆိုတဲ့ကိန်းဂဏန်းကိုကျော်လွန်ဖို့ကြိုးစားနေရှာတယ်။နားနဲ့မဆံ့အောင်ကြားနေရတဲ့ဆင်ခြေတွေကြောင့်မြင်ကွင်းဟာမျက်ရည်စတွေနဲ့ဝေဝါးလို့လာတယ်။သို့ပေမယ့်အရှိန်လျော့ဖို့တော့သတိမရခဲ့ပါဘူး။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now