FIFTEEN

896 148 57
                                    

Unicode & Zawgyi

Unicode

မီးဖိုချောင်ထဲရောက်လာပေမယ့်ဘာကိုချက်ပြုတ်ရမယ်မသိသောဂျောင်ကုမှာKitchen Counterပေါ်ကိုလက်ထောက်ပြီးအကြံအိုက်လိုက်ရှိသည်။နိုင်ငံခြားစာတွေလည်းမစားချင်တော့၊အဲ့လိုဆိုတိုင်းကိုရီးယားစာလည်းစားချင်မနေ။ထမင်းပေါင်းအိုးကိုဖွင့်ကြည့်လိုက်တော့အရာမယွင်းသေးသောထမင်းအိုးဟာမနေ့ညကကင်ဆော့ဂျင်စားမထားဘူးဆိုတဲ့သက်သေ။ဒါကြောင့်ထမင်းတွေလည်းအလကားမဖြစ်အောင်ထမင်းသုပ်လုပ်ဖို့သာပြင်လိုက်တော့သည်။အရင်ဆုံးဇလုံကြီးတစ်လုံးထဲထမင်းတွေအကုန်လုံးကိုခြေမွကာထည့်လိုက်ပြီးလိုအပ်တဲ့ပါဝင်ပစ္စည်းတွေအကုန်လုံးကိုရေခဲသေတ္တာထဲကထုတ်ယူလိုက်သည်။ဂျောင်ကုစိတ်ကူးလေးကတော့ရိုးစင်းသည်။ထမင်းသုပ်တစ်ဇလုံကိုဇွန်းနှစ်ချောင်းတပ်ကာမျှစားမည်။ကိုယ့်ထမင်းသူလု၊သူ့ထမင်းကိုယ်လုနဲ့ဇွန်းတိုက်ပွဲအသေးစားလေးဖန်တီးမည်။ဂျောင်ကုကိုအလျှော့ပေးမယ့်လူကြီးရဲ့ပါးစပ်မှာပေနေမယ့်အနှစ်တွေကိုTissueနဲ့ဖွဖွသုပ်ပေးမည်။အနှစ်မကျက်သေးတဲ့ကြက်ဉhalf boilလေးကမပါမဖြစ်ပေါ့။ကိုယ့်အတွေးနဲ့ကိုယ်ထမင်းနယ်နေသောဂျောင်ကုမှာမနက်ကအကြောင်းတွေတွေးမိသွားတော့ကျေနပ်ပြုံးလေးကမဖိတ်ခေါ်ပါပဲဖြစ်တည်လာရသည်။

မနက်မိုးလင်းလို့မျက်လုံးနှစ်လုံးဖွင့်လိုက်တော့ပထမဆုံးမြင်လိုက်ရတဲ့အရာကခါတိုင်းနေ့ရက်တွေလိုဖြူဖွေးနေတဲ့နှင်းဆီခင်းကြီးမဟုတ်ဘဲကျယ်ပြန့်နွေးထွေးတဲ့ရင်ခွင်တစ်ခုဖြစ်နေခဲ့တာပင်။ဂျောင်ကုကိုမလျှော့မတင်းဖက်ကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့သူကြီးရဲ့အသက်ရှူငွေ့နွေးနွေးဟာနဖူးပြင်အထက်နားမှာလှည့်လည်နေခဲ့တာမို့နှလုံးသားလေးဟာမနက်စောစောမှာတောင်တဒိတ်ဒိတ်နဲ့ပင်။ခါးသိမ်သိမ်လေးပေါ်လက်တင်လို့ရင်ခွင်ထဲတိုးဝင်မိတော့ပိုလို့တင်းကြပ်စွာဖက်တွယ်လာတဲ့လက်တံတွေ။ယောင်္ကျားဆန်တဲ့မွှေးရနံ့လေးဟာနှာသီးဖျားမှာဝေ့လည်နေခဲ့တာမို့နှိုးထလာရတဲ့မနက်ခင်းတွေတိုင်းမှာဒီနေ့မနက်ခင်းလေးဟာဂျောင်ကုအတွက်ကြည်နူးစရာအကောင်းဆုံးနဲ့ပျော်ရွင်စရာအကောင်းဆုံးနေ့ရက်လေးပင်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now