TWELVE

1.1K 173 35
                                    

Unicode & Zawgyi

Unicode

"အချစ်ဆိုတာကမ္ဘာပေါ်မှာတကယ်မရှိတဲ့အရာပဲ.....အဲ့ဒီသောက်ရေးမပါတဲ့အရာအတွက်အချိန်ဖြုန်းနေမှာမဟုတ်သလိုအဲ့ဒီအရာနောက်ကိုလိုက်နေမှာလည်းမဟုတ်ဘူး......မင်းသိထားဖို့ကငါဆိုတဲ့မင်ဂျေဟွတ်ကမချစ်တတ်ဘူးဆိုတာပဲ"

Cut ok!!!

ဒါရိုက်တာကြီးရဲ့cutလို့အော်သံကိုကြားမှဘေးနားတွင်မှင်သက်ကာအသက်တောင်မရှူမိဘဲမော်နီတာကိုငေးနေတဲ့ဂျောင်ကုမှာလည်းပြန်လည်သတိဝင်လာရတော့သည်။ကင်ဆော့ဂျင်ရဲ့ အေးစက်စက်ပုံစံကိုသာရင်းနှီးကျွမ်းဝင်ခဲ့သောဂျောင်ကုအတွက်အခုလိုsuitအပြည့်အစုံနဲ့ခန့်ညားတည်ကြည်နေစွာအလုပ်လုပ်နေတဲ့ပုံစံဟာပထမဆုံးဖြစ်သည်။ကင်မရာကိုကြည့်ပြီးစကားပြောနေပုံကတည်ကြည်အေးချမ်းသော်လည်းမမြင်ရတဲ့အရှိန်အဝါတစ်မျိုးကိန်းအောင်းနေလေသည်။ဂျောင်ကုဖန်တီးထားတဲ့characterလေးကိုစတင်အသက်သွင်းသည့်ပထမဆုံးနေ့မှာတင်စိတ်ကျေနပ်မှုကိုအပြည့်အဝရလိုက်လေသည်။ကင်ဆော့ဂျင်ဟာဘယ်လိုပဲသူ့ချစ်သူပါဆိုဆိုအလုပ်ခွင်တွင်တော့သူဟာဂျောင်ကုရဲ့ဇာတ်ကောင်မင်ဂျေဟွတ်သာ။ဒါကြောင့်မော်နီတာကိုစူးစိုက်ကြည့်ပြီးဂျောင်ကုလိုချင်တဲ့အငွေ့အသက်တွေကိုလိုက်ရှာနေတာဖြစ်သည်။ပထမဆုံးအလုပ်ဖြစ်သည့်အလျှောက်စိုက်ထုတ်မှုအားလည်းများတာကြောင့်တောက်လျှောက်စောင့်ကြည့်နေတာဖြစ်သည်။အဆင်ပြေပါ့မလားတွေးပူခဲ့မိပေမယ့်professionalကျကျဇာတ်ရုပ်ကိုအသက်သွင်းသွားသည်မှာNation's Pride Kim Seokjinပီသလှပါဘိ။

"ကင်ဆော့ဂျင်ကတော့တကယ်ကင်ဆော့ဂျင်ပါပဲဗျာ......လုံးဝကိုအပိုအလိုမရှိသရုပ်ဆောင်သွားနိုင်တယ်......လုံးဝproပီသပါတယ်"

လက်ခုပ်လက်ဝါးတီးကာရေပတ်မဝင်ချီးကျူးနေပါသော်လည်းကင်ဆော့ဂျင်ရဲ့မျက်နှာဟာအဝေးပြေးလမ်းကဲ့သို့ဖြောင့်တန်းနေတာပင်။ပြုံးလည်းမပြုံးသလို၊မဲ့နေတာလည်းမဟုတ်။အေးစက်စက်မျက်နှာပေးနှင့်သာအကုန်လုံးကိုတန်းတူဆက်ဆံနေတာပင်။ခါတိုင်းဂျောင်ကုရဲ့မျက်နှာတစ်ပြင်လုံးနီဆွေးနေအောင်အမြဲတစေစနောက်တတ်တဲ့ကင်ဆော့ဂျင်ဆိုတာဒီလူလို့လက်ညိုးထိုးပြရင်တောင်ယုံချင်စရာမရှိ။အခုလည်းဘာမှမပြောဘဲခေါင်းကိုသာညိမ့်ပြကာရိုက်ကွင်းထဲကထွက်သွားပြန်သည်။ကင်ဆော့ဂျင်ဟာအရီအပြုံးနည်းရုံသာမကစကားလည်းနည်းသေးသည်။အိမ်မှာအနည်းအကျဉ်းပြောတယ်ဆိုပေမယ့်အခုကတော့တစ်လုံးမှမပြော။ရိုက်ကွင်းကိုရောက်လာကတည်းကFitting roomထဲဝင်သွားကာရိုက်မယ်ဆိုမှပြန်ထွက်လာသောသူသည်ရိုက်ကူးပြီးသည့်အချိန်ရောက်တဲ့အထိစကားတစ်လုံးမှပြောမသွား။ကင်ဆော့ဂျင်ထွက်သွားသည်နှင့်တစ်ပြိုင်နက်shootingလည်းခဏရပ်နားကာအနားယူကြသည်။ဂျောင်ကုလည်းstudioအပြင်ဘက်ထွက်ပြီးလေညှင်းခံဖို့တွေးလိုက်ပြီးထိုင်ခုံမှထရပ်လိုက်သည်။အပြင်ထွက်ဖို့ခြေလှမ်းကာရှိသေးဖုန်းထဲသို့SMSဝင်လာလေသည်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now