NINE

1.3K 213 67
                                    

Unicode & Zawgyi

Unicode

နှုတ်ခမ်းပေါ်ကနူးညံ့​သောအထိအတွေ့ကိုခံစားရရှိပြီးနောက်သတိလက်လွတ်ဖြစ်သွားမိပြီးပြန်လည်သတိဝင်လာသည့်အချိန်မှာတော့ဂျောင်ကုဟာလည်းမွတ်မွတ်သပ်သပ်အနမ်းများအားပြန်လည်တုံ့ပြန်ခဲ့နှင့်ပြီးဖြစ်သည်။အောက်နှုတ်ခမ်းပါးပါးလေးအားနှင့်သထက်နှင့်အောင်စုပ်ယူနေတဲ့နှုတ်ခမ်းဖူးဖူးလေးအားပြန်လည်စုပ်ယူနေမိသည်မှာလောကကြီးတစ်ခုလုံးရပ်တန့်သွားသည်ဟုထင်မိသည့်အထိ။​မြန်သထက်မြန်လာသောအသက်ရှုသံတွေနဲ့အတူလေထုအကူအညီရယူရန်လိုအပ်လာပြီဆိုမှအောက်နှုတ်ခမ်းအားခပ်ဖွဖွကိုက်ကာလွှတ်ပေးလိုက်သောသူသည်တံတွေးတစ်ချို့ဖြင့်စိုစွတ်နေသောအောက်နှုတ်ခမ်းကိုလက်မဖြင့်ဖိသုတ်ကာနဖူးပေါ်ဝဲကျနေတဲ့ဆံပင်တစ်ချို့ကိုပါသပ်တင်ပေးနေသေးသည်။လုပ်ရပ်မှန်သမျှကိုသတိမရှိသူပမာလိုက်ခံစားနေတဲ့ဂျောင်ကုခင်ဗျာမှာတော့ကြည်နူးစိတ်ကြောင့်ပါးပြင်လေးလည်းနွေးလာသလိုစိတ်လည်းကြည်လင်လာမိသည်။ဘဝရဲ့ပထမဆုံးအနမ်းကိုချစ်ရသောသူကပိုင်ဆိုင်သွားတယ်ဆိုတဲ့အသိကအပြုံးတွေကိုဖုံးလို့မရအောင်အထိကြည်နူးပျော်ရွင်စေတာပင်။

"ကင်ဆော့ဂျင်shii"

"TE ADORO"

မျက်လုံးတွေထဲတည့်တည့်စိုက်ကြည့်ကာပြောလာတဲ့နားမလည်ပါသောဘာသာစကားတစ်ခုကြောင့်ဂျောင်ကုမျက်မှောင်ကျုံ့မိသွားသည်။သို့ပေမယ့်အရည်တွေလဲ့လာတဲ့မျက်လုံးတွေဟာဂျောင်ကုမျက်နှာမှတစ်ဆင့်နှုတ်ခမ်းပါးဆီသို့ရောက်သွားသောအခါယောင်ယမ်းပြီးတံတွေးမျိုချလိုက်မိသည်။သို့နှင့်တစ်ဖြေးဖြေးတိုးကပ်လာသောနှုတ်ခမ်းသားတစ်စုံနဲ့အတူဒုတိယမြောက်သောယစ်မူးဖွယ်ရာအနမ်းတစ်ချို့ကိုသစ်ပင်တွေကြားမှာတင်ပုံဖော်ခဲ့ကြသေးသည်။

~~~~~~~~~~~~~~~~~~~~~~~~

ကားပေါ်တစ်လျှောက်လုံးတိတ်ဆိတ်လာခဲ့သောကင်ဆော့ဂျင်သည်အိမ်ပြန်ရောက်တဲ့အထိဘာစကားမှစမလာတာမို့စိတ်တွေတိုလာရသူကဂျွန်ဂျောင်ကုပင်။သူ့ဘက်ကစမွတ်မွတ်သိပ်သိပ်အနမ်းများဖြန့်ဝေခဲ့ပါသော်လည်းလွန်ခဲ့တဲ့နာရီပိုင်းကဘာမှမဖြစ်ခဲ့သလိုထုံပေပေလုပ်နေပုံကဂျောင်ကုစိတ်ကိုယောက်ယက်ခတ်စေသည်။ထို့အပြင်ဝမ်းနည်းစိတ်ကိုပါတစ်ပါတည်းခေါ်ဆောင်လာခဲ့သေးသည်။ဂျောင်ကုကိုအရမ်းလွယ်တဲ့သူလို့များထင်သွားပြီလားဆိုတဲ့သံသယကြီးကလည်းလူကိုမနေနိုင်မထိုင်နိုင်အောင်ထိနှိပ်စက်သည်။ဂျောင်ကုရဲ့ပထမဆုံးအနမ်းအားခေါင်းစဉ်တိတိကျကျတပ်စရာမရှိသောဆက်ဆံရေးအောက်တွင်ပျောက်ပျက်သွားမှာကိုမလိုလား။ဒါကြောင့်နှင်းဆီဖြူခင်းကြီးရှေ့ရောက်တော့ရှိသမျှသတ္တိအကုန်ထုတ်ကာအရှေ့ကလူသား၏လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်သည်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now