TWENTY-THREE

951 144 24
                                    

Unicode & Zawgyi

Unicode

~~~~လွန်ခဲ့သောဆယ့်သုံးနှစ်ခန့်~~~~

မီးမရှိတဲ့ ​ယိုင်တိယိုင်တိုင် အိမ်လေးတစ်လုံးထဲက အဝတ်အစား ညစ်နွမ်းနွမ်းနဲ့ ကလေးငယ်လေးဟာ ဖာရာ​ဗလပွနဲ့ စပန့်ဘောင်းဘီရှည်ကို သပ်ရပ်အောင် ပြန်ဆွဲချကာ အလုပ်သွားတော့မယ့်ပုံပေါ်တဲ့ အမေဖြစ်သူကို လှမ်းကြည့်နေသည်။အပြင်မှာ မိုးတွေအုံ့မှိုင်းပြီး မိုးချိန်းသံ တစ်ချို့ကိုပါ ကြားနေရပေမယ့် မေမေက အလုပ်သွားမယ့် အစီအစဉ်ကို မဖျက်ခဲ့ပါဘူး။သူသိတယ်။သူတို့ဘဝက တစ်နေ့လုပ်မှ တစ်နေ့စားရမယ်ဆိုတာ။ဒါပေမယ့် ဒီနေ့ မေမေ့ကို အလုပ်မသွားစေချင်သလိုပဲ။မိုးတွေကလည်းအုံ့နေတယ် စိတ်တွေလည်းလေးနေတယ် ပြီးတော့ ခေါင်းဖြီးနေတဲ့ မေမေ့ပုံရိပ်ကလည်း တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားနေသလို ခံစားနေရတယ်။ဒါကြောင့်ဘောင်းဘီစကို အသာဆွဲကာ ခေါ်လိုက်တော့ ငုံ့ကြည့်လာတဲ့ မေမေ့မျက်လုံးတွေဟာ ဘယ်လောက်ပဲပင်ပန်းပါစေ တောက်ပနေတုန်းပဲ။ကြမ်းပြင်မှာ ဒူးလေးထောက်ပြီး ထိုင်နေတဲ့ ဟွမ်းလေးနဲ့ညီအောင် မေမေက ထိုင်ချလိုက်ပြီး ဆံပင်တွေကို သပ်တင်ပေးသည်။သူဌေးတွေလို နူးညံ့ခြင်းအလျဉ်းမရှိတဲ့ မေမေ့လက်တွေကို အသာဆုပ်ကိုင်လိုက်ပြီး တောင်းဆိုသလိုလေး လှမ်းကြည့်လိုက်တယ်။

"မေမေဒီနေ့အလုပ်မသွားပါနဲ့လား"

သို့သော် ကလေးငယ်လေးရဲ့ စကားကို အလေးမထားသလို မေမေက ရီတယ်။ပြီးမှ မီးခိုးတစ်ချို့ကြောင့် ညစ်ပေနေတဲ့ ပါးပြင်ကို ဖွဖွနမ်းပြီး လေပြေအေးလေးနဲ့ ရှင်းပြတယ်။

"ဘာလို့လဲဟွမ်းလေးရဲ့......"

"အပြင်မှာရာသီဉတုမကောင်းဘူး......ပြီးတော့.....သားစိတ်တွေလည်းလေးနေတယ်"

"သားကမိုးတွေအုံ့နေလို့ကြောက်တာနေမှာပါ......မေမေအလုပ်မသွားလို့မရဘူးလေသားရယ်......"

ရပ်တန့်သွားတဲ့ စကားစုလေးရဲ့ နောက်ဆက်တွဲကို မေမေဆက်မပြောလည်း ဟွမ်းလေးကသိနေနှင့်ခဲ့တယ်။မေမေအလုပ်သွားမှ ပိုက်ဆံရမှာဖြစ်ပြီး မေမေအလုပ်လုပ်တဲ့စားသောက်ဆိုင်က ပိုတဲ့စားစရာတွေကိုရမှ ဟွမ်းလေးတို့သားအမိ ညစာစားရမှာဖြစ်တယ်။ဟွမ်းလေးရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က မေမေ့ကို ကူညီပြီး ကောင်းကောင်းမွန်မွန် ထားနိုင်ဖို့ဖြစ်တယ်။ဒါကြောင့် အရင်နှစ်တုန်းက ကျောင်းသွားသလို ဟန်ဆောင်ပြီး အလုပ်ခိုးလုပ်ခဲ့တယ်။ဒါပေမယ့် မေမေကမိသွားခဲ့တယ်။အဲ့နေ့က မေမေရဲ့ ရှိုက်ကြီးတငင် ငိုကျွေးနေတဲ့ပုံကို ပထမဆုံးမြင်ခဲ့ရတာဖြစ်တယ်။ငါ့ကို စိတ်ဆင်းရဲအောင် မင်းလုပ်နေတာပဲ လီဂျယ်ဟွမ်း ဆိုတဲ့ မေမေရဲ့စကားလေးက ဟွမ်းလေးကို အလုပ်ထွက်စေခဲ့တယ်။မေမေကပင်ပန်းတိုင်း ဂျယ်ဟွမ်းရဲ့ဆုတံဆိပ်တွေကို ကြည့်ပြီး အပန်းဖြေလေ့ရှိတယ်။ဒါကြောင့်မို့ မေမေထပ်ကြည့်နိုင်ဖို့ ဆုတံဆိပ်များစွာရအောင် ကြိုးစားခဲ့တယ်။ထူးချွန်ဆု အတန်းတွင်းဆု စံပြကျောင်းသားဆု အားကစားဆု ရှိ,ရှိသမျှဆုတံဆိပ်တွေအကုန်လုံးကို ဟွမ်လေးရဲ့အပိုင်ဖြစ်အောင် ကြိုးစားခဲ့တယ်။ကျောင်းကရလာတဲ့ ဆုလေးကို မေမေ့ကိုပြတိုင်း မျက်ရည်တွေဝဲနေတဲ့ မျက်လုံးတွေနဲ့ ငါ့သားလေးကတော်လိုက်တာ ဆိုတဲ့ မေမေ့စကားက ဆက်ကြိုးစားဖို့ ခွန်အားတစ်ရပ် ဖြစ်ခဲ့တယ်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now