FOUR

1.3K 219 58
                                    

Unicode & Zawgyi

Unicode

"ကလေးဟိုရောက်ရင်ဂရုစိုက်နေနော်.....နေမကောင်းဖြစ်ရင်လည်းhyungကိုဖုန်းဆက်.....တစ်ခုခုစားချင်တာရှိလည်းSMSပို့လိုက်hyungကိုယ်တိုင်လာပို့ပေးမယ်......ပြီးတော့......"

"မင်လေးရယ်တော်ပါပြီ......အဝေးကြီးသွားမှာလည်းမဟုတ်ဘဲ"

"အိမ်မဟုတ်ဘူးလေ.....အိမ်......ဘယ်လောက်ပဲနီးပါတယ်ပြောပြောမိသားစုအိမ်လေးလောက်သက်တောင့်သက်သာရှိပါ့မလား"

ပြောရင်းမျက်ရည်တွေကိုဖိသုတ်နေပြန်တဲ့ဂျီမင်းhyungကိုကြည့်ပြီးဂျောင်ကုမျက်ရည်တွေလည်လာရသည်။ကင်ဆော့ဂျင်နဲ့ဇာတ်ကားအတူတူမှာအလုပ်လုပ်ရတော့မယ်ပြောတော့ပျော်ရွင်စွာဖြင့်Signတောင်းခိုင်းတဲ့hyungဟာသူ့အိမ်မှာခြောက်လလောက်သွားနေရမယ်ဆိုတော့ဝမ်းနည်းတကြီးငိုကြွေးလာလေသည်။အခုလည်းမှာစရာရှိတာတွေမှာ၊အဝတ်တွေကိုယ်တိုင်ထုတ်ပိုးပေးပြီးဟင်းအရံတွေပါပြင်ဆင်ပေးနေရင်းငိုနေပြန်တာမို့လေးမင်မှချော့နေရခြင်းဖြစ်သည်။

"ဂျောင်ကုကလည်းအပျော်သွားတာမှမဟုတ်တာ.....ပြီးတော့ကိုယ်တို့လည်းသွားတွေ့လို့ရတယ်လေ......ဆိုးလ်တစ်မြို့ထဲမှာပဲလေမင်လေးရယ်....
သွားမယ့်လူကိုစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့"

ထို့သို့ပြောလိုက်တော့မျက်ရည်တွေကိုအင်္ကျီလက်ဖျံနဲ့ဖိသုတ်ပစ်ကာပြုံးပြလာတဲ့ဂျီမင်းhyung။လက်ထဲကိုင်ထားတဲ့အင်္ကျီတစ်ထပ်ကိုsuitcaseထဲထည့်ကာအဖုံးကိုပိတ်ပစ်လိုက်ပြီးဂျောင်ကုလက်ကိုဆွဲ၍အောက်ထပ်သို့ဆင်းလာခဲ့သည်။ကျန်ခဲ့တဲ့အထုတ်အပိုးတွေဆွဲတဲ့သူကတော့လေးမင်ပေါ့။မီးဖိုချောင်ထဲဆွဲခေါ်သွားပြီးကင်မ်ချီနှင့်အရံဟင်းအမျိုးမျိုးတို့ကိုထုတ်ပိုးပေးနေတာမို့မျက်ရည်ကထိန်းမရတော့ဘဲဂျီမင်းhyungကိုဖက်ကာငိုမိပြန်သည်။မိဘနှစ်ပါးလုံးကွယ်လွန်ပြီးကတည်းကစောင့်ရှောက်လာခဲ့တဲ့လေးမင်တို့လင်ခင်ပွန်းဟာဂျောင်ကုရဲ့ဒုတိယမိဘများပင်။အကြာဆုံးခွဲဖူးသည်မှာအထက်တန်းကျောင်းလေ့လာရေးခရီးသုံးရက်သာရှိသည်မို့တစ်ခါမှဒီလောက်အကြာကြီးမခွဲဖူးဘူးခဲ့။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now