FOURTEEN

1K 166 44
                                    

Unicode & Zawgyi

Unicode

ချွတ်!!ချွတ်!!

အိမ်အပြန်ဘတ်စ်ကားစီးရန်အသွားလမ်းတစ်ဝိုက်မှာကြားလိုက်ရတဲ့ချိုးချိုးချွတ်ချွတ်အသံကြောင့်ဂျီမင်းhyungထုတ်ပိုးပေးလိုက်တဲ့ဟင်းအရံအိတ်နဲ့အဝတ်အိတ်ကိုပေါင်းကိုင်ထားတဲ့လက်လေးဟာတင်းကနဲ။ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ပကတိတိတ်ဆိတ်နေပုံမှာဂျောင်ကုစိတ်ကိုပိုမိုခြောက်ခြားစေသယောင်။ဒီကြားထဲလမ်းမီးတိုင်ကမီးသီးဟာလည်းမှိတ်တုတ်မှိတ်တုတ်နဲ့မို့ကြက်သီးတွေတောင်တဖြင်းဖြင်းထလာရသည်။ဒါကြောင့်မီးသီးမလဲထားတဲ့သူတွေကိုတောင်မဆီမဆိုင်ကျိန်ဆဲလိုက်သည်။အသံလည်းငြိမ်သွားပြီဆိုမှဆက်သွားရန်ပြင်လိုက်ပေမယ့်အနောက်ကနေတစ်ရှပ်ရှပ်အသံကိုထပ်ကြားလို​က်ရတာမို့ဖြစ်ချင်ရာဖြစ်ဟုစိတ်ကိုတင်းကာအ​နောက်ကိုလှည့်၊မျက်စိကိုစုံမှိတ်ပြီးအိမ်ကနေယူလာတဲ့အဝတ်ထုတ်နဲ့လွှဲရိုက်ပစ်လိုက်သည်။

"အ့.....ဂျောင်ကုလေး"

"ဟင်!!"

တစ်ဖက်ကနေဂျောင်ကုလေးလို့ခေါ်သံထွက်လာမှမှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ကြည့်မိတော့သည်။ထိုမှသာမြင်လိုက်ရတာကMaskနဲ့ဉီးထုတ်အနက်ရောင်ကိုဆောင်းထားပြီးပန်းစည်းကိုင်ထားတဲ့ကင်ဆော့ဂျင်ကိုတွေ့လို​က်ရတာမို့ပစ္စည်းတွေကိုပစ်ချကာအနာတရဖြစ်သွားသေးလားအပြေးအလွှားကြည့်ရသေးသည်။လက်မောင်းကိုအုပ်ကိုင်ထားတဲ့ထိုလူသားကြောင့်ဂျောင်ကုမှာပြာယာခတ်သွားရသေးသည်။အနားရောက်သွားတော့မျက်ရည်ဝဲနေတဲ့မျက်ဆံညိုတွေကိုတွေ့လို​က်ရတာမို့ဂျောင်ကုပါထပ်တူမျက်ရည်လည်လာရသည်။ကိုယ်မဆင်မခြင်လုပ်လိုက်မိတဲ့အရာကသူ့ကိုနာကျင်စေတယ်ဆိုတဲ့အတွေးကြောင့်ဝမ်းနည်းစိတ်နဲ့ငိုကြွေးချင်သော်လည်းသူ့ကိုမသိစေချင်တာကြောင့်ထိန်းထားလိုက်သည်။

အင့်!!

သို့ပေမယ့်ထင်သလိုဖြစ်မလာဘဲအင့်ကနဲရှိုက်သံထွက်သွားတာကြောင့်နာကျင်နေတဲ့သူဟာဂျောင်ကုပုခုံးကိုဆုပ်ကိုင်ပြီးစူးစိုက်ကြည့်လာသည်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now