Unicode & Zawgyi
Unicode
ရက်တွေဘယ်လို ကူးပြောင်းနေပြီလဲမသိသလို အခုဟာဘယ်အချိန်လဲ မသိလောက်အောင်အထိ စိတ်တွေပျံ့လွှင့်နေတဲ့ ကင်မ်ဆော့ဂျင်အတွက် တစ်ဉီးတည်းသောအဖော်မှာ Bar Counterပေါ်က သိမ်းမနိုင်တဲ့ ဝီစကီပုလင်းခွံတွေပင်။မူးရကောင်းမှန်းလည်းမသိ အစာစားရကောင်းမှန်းလည်းမသိဘဲ ထိုင်သောက်နေခဲ့မိတာ ခန့်မှန်းခြေ နှစ်ရက်လောက် ရှိပြီထင်ရဲ့။နီရဲနေတဲ့မျက်ဆံ ဟောက်ဝင်နေတဲ့ မျက်ကွင်းတို့နဲ့ ကင်မ်ဆော့ဂျင်ဟာ လူမြင်မကောင်းလောက်အောင်ကို ပြိုလဲနေခဲ့မိတာ။တစ်ယောက်ယောက်ရောက်လာပါစေလို့ ဆုမတောင်းမိသလို ပြန်လာပါလို့လည်း မတောင်းဆိုမိ။မနေချင်လို့မှ ထွက်သွားတဲ့သူတွေကို စိတ်ဆင်းရဲအောင် တဆာဆာအော်ငိုပြီး ပြန်လာပါလို့ မတောင်းဆိုမိသလို ငိုလည်းမငိုမိ။လုပ်ရက်လေခြင်းလို့လည်း အပြစ်မတင်ရက်သလို ရက်စက်လိုက်လေခြင်းရယ်လို့လည်း မစွပ်စွဲချင်တော့။ဝီစကီတွေကိုသာ အဖော်ပြုနေခဲ့တဲ့ နေ့ရက်တွေမှာ တောင်းမိတဲ့ တစ်ခုတည်းသော ဆုတောင်းသည်ကား "ချစ်ရသူတွေကိုတစ်ခါလောက်ပဲဖြစ်ဖြစ်ထားသွားပါရစေ"တဲ့။
အမြဲတမ်းထားခဲ့ခံနေရတဲ့ ကင်မ်ဆော့ဂျင်ရဲ့ နောက်ကျောပြင်ကို ချစ်ရသူတွေအား တစ်ခါလောက်တော့ ကြည့်စေချင်သည်။
ဝဋ်ကြွေးတွေရှိလည်းကျေပါရစေ။
ဆုတောင်းတွေမှားခဲ့ရင်လည်းပြေပါရစေ။ကျေးဇူးပြုပြီး ကင်မ်ဆော့ဂျင်ဆိုသူအား ကောင်းကင်ဘုံသို့ ခေါ်ဆောင်ပေးပါ အဖဘုရား။
ဘယ်နှစ်ပုလင်းမြောက်လည်း မသိတဲ့ ပုလင်းထဲက နောက်ဆုံးလက်ကျန်အရည်တွေကို ဖန်ခွက်ထဲထည့်မယ် ပြုလိုက်ပေမယ့် ပုတ်ထုတ်လိုက်တဲ့ လက်တစ်စုံနဲ့ ခပ်ကြမ်းကြမ်းဆွဲလှည့်ခံလိုက်ရတဲ့ ခန္ဓာကိုယ်လေး။
"ဘယ်လိုဖြစ်နေတာလဲကင်မ်ဆော့ဂျင်"
ဒေါသရောင်ဆိုတာထက် ဝမ်းနည်းကြေကွဲခြင်းရိပ်ယောင်တွေ သန်းနေတဲ့ ကင်မ်နမ်ဂျွန်းဆိုသူရဲ့ မျက်ဝန်းတွေမှာ မျက်ရည်တွေအပြည့်နဲ့။ပုခုံးကို ထိန်းကိုင်ထားတဲ့ လက်တွေကြားထဲက ရုန်းထွက်ကာ ပုလင်းအသစ်တစ်လုံး လှမ်းဆွဲလိုက်ပေမယ့် လုယူခံလိုက်ရမှုနဲ့အတူ ခွမ်ကနဲမြည်ဟီးလာတဲ့ အရက်ပုလင်းကျကွဲသံ။
YOU ARE READING
TE ADORO|||JINKOOK||| [Completed]