TWO

1.8K 242 29
                                    

Unicode & Zawgyi

Unicode

မနက်ခင်းမိုးသောက်အလင်းရောက်လို့နာရီလက်တံသည်ပင်လျှင်ထောင့်မှန်ကျစွာဖြင့်ကိုးနာရီသို့ညွှန်ပြနေလေပြီဖြစ်သော်လည်းမိုးပြာရောင်အိပ်ရာပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသောကောင်လေးငယ်မှာတော့အပြင်လောကအားဂရုမစိုက်စွာအေးအေးချမ်းချမ်းအိပ်ပျော်နေတာပင်။သို့သော်သိပ်မကြာခံစားလိုက်ရတဲ့လစ်ဟာမှုနှင့်အတူမျက်နှာပေါ်ရောက်လာတဲ့နေရောင်ကြောင့်မျက်မှောင်ကုတ်လိုက်ပြီးနေရောင်မရှိသောတစ်ဖက်သို့လှည့်ကာပြန်အိပ်လိုက်သည်။

"ဂျောင်ကုရေ.....ထတော့လေ"

ခန်းဆီးစကိုသေသေချာချာသပ်သပ်ရပ်ရပ်သိမ်းကာနိုးနေသောကောင်လေးငယ်သည်ယခုအချိန်ထိငြိမ်သက်စွာအိပ်ပျော်နေသောထိုအနှီကောင်အားစိတ်မရှည်တော့ပါချေ။

"ဂျွန်ဂျောင်ကု......ကိုးနာရီထိုးနေပြီ.....အခုမထရင်မင်းဉီးလေးကိုသွားခေါ်တော့မှာနော်"

ဉီးလေးဆိုတဲ့အသံကြားလိုက်တာနဲ့အိပ်နေသောခန္ဓာကိုယ်သည်ငေါက်ကနဲထထိုင်လိုက်ပြီးပြတင်းပေါက်ရှေ့တွင်ရပ်နေတဲ့လူသားဆီသို့အကြည့်စူးစူးတို့အားပစ်လွှတ်လိုက်သည်။ညကစာရေးရင်းအရှိန်ပါသွားသဖြင့်အာရုံတက်မှအိပ်ခဲ့ရတာကြောင့်အခုထိအိပ်ရေးမဝသေးပေ။

"ဂျီမင်းhyung.....ကျွန်တော်ညကအိပ်တာနောက်ကျသွားလို့ပါ.....ခဏပဲပြန်အိပ်မယ်နော်"

ပြောရင်းပြန်လဲဖို့ပြင်နေတာကြောင့်ထိုယုန်ကောင်ရဲ့ခေါင်အုံးအားအလင်းအလျှင်ဖြင့်သွားဆွဲရသေးသည်။

"ထပါတော့ဂျောင်ကုကီးရယ်.....မင်းဉီးလေးအကြောင်းလည်းသိရဲ့သားနဲ့.....မနက်စာကိုမိသားစုစုံစုံလင်လင်စားရမှာသူကကျေနပ်တာ"

"Hyungရဲ့ယောင်္ကျားကိုhyungမနိုင်ဘူးလား"

နှုတ်ခမ်းလေးဆူကာဆောင့်ဆောင့်အောင့်အောင့်ပြောမိတော့ခေါင်းလုံးလုံးပေါ်ရောက်လာတဲ့လက်ဆစ်။ဘယ်လောက်တောင်ပြင်းလဲဆိုခွက်ကနဲအသံတောင်ကြားလိုက်ရတဲ့အထိ။ခေါက်ရလားဆိုပြီးစိတ်ဆိုးမာန်ဆိုးနဲ့မော့ကြည့်လိုက်ပေမယ့်ခေါက်တဲ့သူကဂျီမင်းhyungမဟုတ်ပဲဉီးလေးမင်ယွန်းဂီဖြစ်နေမှန်းသိသွားသည့်အခါမှာတော့ရှိသမျှသွားသုံးဆယ့်နှစ်ချောင်းလုံးပေါ်အောင်ပြုံးပြရတော့သည်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now