SIX

1.3K 228 49
                                    

Unicode & Zawgyi

Unicode

"မင်းအိမ်မှာဇာတ်ညွှန်းဆရာလေးကိုခေါ်ထားတယ်ကြားတယ်......"

လက်ဖက်ရည်ခွက်ကိုကိုင်ကာဟန်ချီချီဖြင့်ပြောလာတဲ့အမျိုးသမီးကြီးရဲ့စကားကိုခနဲ့ပြုံးတစ်ခုနဲ့သာတုံ့ပြန်လိုက်သည်။ဘယ်လိုသိတာလဲဆိုတာကိုတော့သူများတွေလိုအထူးတလည်လုပ်ပြီးမေးမနေတော့။သူမကဘယ်သူမို့လို့လဲ။တောင်ကိုရီးယားရဲ့အာဏာအရှိဆုံးအမျိုးသမီးအဖြစ်မဂ္ဂဇင်းတွေမှာခဏခဏဖော်ပြခြင်းခံရတဲ့အမျိုးသမီးပဲလေ။ဒီလိုလူတစ်ယောက်ကသူ့သားရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကိုမသိဘူးဆိုတာမှထူးဆန်းနေတာမဟုတ်လား။

"အမေနဲ့မဆိုင်ဘူးထင်ပါတယ်"

"အခုချိန်ထိတော့မဆိုင်သေးဘူးပေါ့.....ဒါပေမယ့်နောင်တစ်ချိန်ပတ်သတ်သင့်ရင်ပတ်သတ်ရမှာပဲ......ငါဘာမှရှုပ်ရှုပ်ယှက်ယှက်မကြားချင်ဘူးဆော့ဂျင်"

ဒါပါပဲ။နောက်ဆုံးတော့လည်း။ရှုပ်ရှုပ်ယှက်ယှက်တွေမကြားချင်ဘူး။ထိုစကားလုံးလေးနဲ့တင်ငွေနဲ့ဖုံးဖိခဲ့တဲ့နိုင်ငံကျော်မင်းသားကင်ဆော့ဂျင်ရဲ့မြောက်များလှစွာသောdating scandalတွေ။ကြာတော့လည်းငြီးငွေ့လွန်းလှပါပြီ။နေရထိုင်ရတာမလွတ်လပ်တဲ့ဘဝကြီးကို။အသက်သုံးဆယ့်သုံးနှစ်ရှိနေပြီဖြစ်တဲ့ယောင်္ကျားလေးတစ်ယောက်ရရှိသင့်တဲ့လွတ်လပ်ခွင့်နဲ့အတူကိုယ်တိုင်ဆုံးဖြတ်ချက်တွေအားလုံးကိုအမေဟာသော့ခတ်သိမ်းဆည်းထားလေသလား။ဒါမှမဟုတ်တစ်ခါတည်းလွှတ်ပစ်လိုက်လေသလား။

မိသားစုဆိုတဲ့ဟန်ဆောင်စကားလုံးလေးအတွက်ပေးဆပ်ခဲ့ရတဲ့အရာရာ။မင်းဘဝအတွက်ဆိုတဲ့လိမ်ညာစကားလုံးအတွက်စွန့်လွှတ်လိုက်ရတဲ့လူငယ်ဘဝနဲ့လွတ်လပ်ခွင့်များ။တစ်ခါတစ်လေတော့လည်းချစ်ရသူရဲ့လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာလောကကြီးကိုအနိုင်ယူရတဲ့ခံစားချက်ကဘာလဲဆိုတာကိုတော့တကယ်သိချင်မိပါတယ်။ဒါဟာဆော့ဂျင်ရဲ့အကြီးမားဆုံးဆန္ဒ။

"ကျွန်တော်ပြန်တော့မယ်"

အသိပေးရုံလောက်သာပြောခဲ့ပြီးထိုဆိုဖာထက်ဆီမှထလာခဲ့သည်။မိသားစုအတူနေခဲ့တဲ့စံအိမ်တော်ကြီးကိုလှည့်ကြည့်ချင်စရာတစ်စက်လေးမှမရှိတော့တဲ့အထိမုန်းတီးခဲ့တာမို့နောက်ကြောင်းပြန်မကြည့်တော့ဘဲစင်ဝင်အောက်မှာရပ်ထားတဲ့ကားအနက်ရောင်ထဲသာဝင်ထိုင်လိုက်သည်။ပြီးမှdriverအားလက်ရှိနေထိုင်ရာအိမ်သို့မောင်းခိုင်းလိုက်သည်။ဆိုဖာအနောက်ကိုသာမှီထားပြီးမျက်လုံးများကိုတင်းတင်းစေ့ထားလိုက်သည်။ယခုအချိန်မှာဘာကိုမှမမြင်ချင်သလိုဘာကိုမှလည်းမြင်နိုင်စွမ်းမရှိနေ။ပင်ပန်းလွန်းလှသည်။အမေဆိုတဲ့ဖြစ်တည်မှုကသူများတွေအတွက်လှပပြီးကြီးမြတ်ပေမယ့်သူ့အတွက်ကတော့လှောင်ချိုင့်ပဲ။​အမြင်လှတဲ့ရွှေရောင်လှောင်ချိုင့်လေးပေါ့။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now