NINETEEN

822 146 65
                                    

Unicode & Zawgyi

Unicode

"လေးမင်!!"

အထုတ်ကြီးအထုတ်ငယ်အသွယ်သွယ်ကို လက်ကဆွဲကာဝင်လာတဲ့လေးမင်ကို ပြေးကာပုခုံးကနေသိမ်းဖက်လိုက်သည်။အထုတ်တွေဆွဲထားရတာကြောင့်မအားလပ်တဲ့လေးမင်ဟာ ဂျောင်ကုအနားမှာရပ်နေတဲ့ ကင်ဆော့ဂျင်ဆီသို့အထုတ်တွေကမ်းပေးကာ ဂျောင်ကုကျောပြင်လေးအား ပြန်လည်ပွေ့ဖက်ပေးလာသည်။ဂျီမင်းhyungကတော့ အိမ်ထဲဝင်လာကတည်းကကင်ဆော့ဂျင်တစ်ယောက်ကိုသာ စူးစူးစိုက်စိုက်ကြည့်နေပြီး စိတ်လှုပ်ရှားစွာဖြင့် လက်တွေကိုအချင်းချင်းဆုပ်နယ်​လိုက်၊မချိပြုံးပြုံးပြလိုက်နဲ့ ဂျောင်ကုအပေါ်မှာတောင်သိပ်အာရုံမရှိ။ထိုအရာကိုမြင်သည့်လေးမင်မှာတော့ မျက်နှာကြီးပုပ်သိုးလာကာ ဂျောင်ကုကိုရင်ခွင်ထဲကဆွဲထုတ်ပြီး ဂျီမင်းhyungရဲ့ခါးကိုတင်းနေအောင်ဖက်လိုက်တာပင်။

"ဒါကဉီးလေးမင်ယွန်းဂီနဲ့ဒီဘက်ကသူ့ခင်ပွန်းပတ်ခ်ဂျီမင်း"

"ပထမဆုံးအကြိမ်တွေ့ဆုံခြင်းပါ.......ကင်ဆော့ဂျင်လို့ခေါ်ပါတယ်"

ကင်ဆော့ဂျင်ကလက်ကမ်းပေးလိုက်တော့ လေးမင်ဟာအသိအမှတ်ပြုဟန်ဖြင့်ခေါင်းတစ်ချက်ငြိမ့်ပြကာ ပြန်ပြီးလက်ကမ်းရန်ပြင်ကာရှိသေး ဂျီမင်းhyungကကြားထဲကနေဆွဲလုသွားတာများ ဆက်ကနဲ။ထိုအရာကိုမြင်လိုက်ရသည့်လေးမင်မှာတော့ ကင်ဆော့ဂျင်ရဲ့လက်ကိုကျစ်ကျစ်ပါအောင်ပြန်ဆုပ်ထားသည့် ဂျီမင်းhyungရဲ့လက်ကိုသာ ကမ္ဘာ့ရန်ဘက်လိုစူးစိုက်ကြည့်နေတာပင်။ထိုအချင်းအရာကို အစအဆုံးမြင်လိုက်ရတဲ့ဂျောင်ကုမှာတော့ ခိုးရီရုံကလွဲလို့ဘာမှမတတ်နိုင်တော့။

"ကျွန်တော်ကfanပါ......နောက်ထွက်မယ့်dramaအသစ်ကိုလည်းမျှော်နေပါ့မယ်.......အပန်းမကြီးရင်signထိုးပေးလို့ရမလား"

"ဟုတ်ကဲ့.....ရပါတယ်"

"ဟီး.....ကျေးဇူးပါ"

နှစ်လိုအားရဖွယ်ကောင်းတဲ့eye smilလေးနဲ့ ပြုံးပြပြီးကင်ဆော့ဂျင်ဆီက လက်မှတ်တောင်းနေသောဂျီမင်းhyungသည် လေးမင်ကိုလုံးလုံးဂရုမစိုက်တော့ဟန်။ဒါကြောင့်မို့ တစ်ရက်လောက်အလည်လာပါဉီးဆိုတော့ လေးမင်ကအသည်းအသန်ငြင်းတာပင်။အခုလည်းသူကိုယ်တိုင်မပြောရဲတော့ ဂျောင်ကုလက်ကိုလာကုတ်ကာ ဂျီမင်းhyungတို့ကိုမေးငေါ့ပြလေသည်။သဘောကတော့တားဉီးပေါ့။ဒါကြောင့်ဂျောင်ကုလည်း နေ့လည်စာစားရအောင် ထမင်းစားခန်းထဲသို့ခေါ်လာခဲ့တော့သည်။ဟင်းတွေအကုန်လုံး ကင်ဆော့ဂျင်ကိုယ်တိုင်ချက်ထား​ကြောင်းပြောပြလိုက်တော့ ရုပ်လေးချောရုံမကဟင်းချက်တော်ကြောင်းကို အသည်းအသန်ချီးမွန်းနေတဲ့ဂျီမင်းhyungကြောင့် လေးမင်ရဲ့မျက်နှာကြီးဟာမဲသထက်မဲ၊ဆူသထက်ဆူပုတ်လာလေပြီ။ကင်ဆော့ဂျင်တော်ကြောင်းကိုရေပတ်မဝင်ချီးမွန်းခန်းဖွင့်နေတဲ့ဂျီမင်းhyung လေးမင်ကိုတစ်လှည့်၊ဂျီမင်းhyungကိုတစ်လှည့်ကြည့်ပြီးစိတ်ကျဉ်းကြပ်နေရှာတဲ့ကင်ဆော့ဂျင် မျက်နှာကြီးဆူပုတ်ပြီးထမင်းစားနေတဲ့လေးမင်နဲ့ ထိုသုံးယောက်ကိုထိုင်ကြည့်ပြီးခိုးရီနေတဲ့ဂျောင်ကုတို့ကြောင့် ထိုနေ့ကထမင်းဝိုင်းလေးဟာပုံမှန်ထက်ပိုပြီးပျော်ရွင်ဖို့ကောင်းနေခဲ့တာပင်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now