TWENTY-SIX

1K 145 74
                                    

Unicode & Zawgyi

Unicode

Pennsylvaniaဆိုတဲ့ မြို့အဝင်ဆိုင်းဘုတ်လေးကို ကျော်ဖြတ်လာတဲ့ ကားတစ်စီးဟာ "Moon"ဆိုတဲ့ နာမည်ပြဆိုင်းဘုတ်ရှေ့အရောက်မှာတော့ အရှိန်လျှော့လိုက်ကာ ကျောင်းဝင်းထဲသို့ ဖြေးညှင်းစွာ မောင်းဝင်သွားလေသည်။ကားပေါ်ကဆင်းဆင်းချင်း လာနှုတ်ဆက်တဲ့ဆရာမကြီးကို ပြန်လည်နှုတ်ဆက်လိုက်ပြီး ကျောင်းအနောက်ဘက်ကို ပတ်သွားလိုက်သည်။ကြီးမားလွန်းပြီး အရိပ်ကောင်းလွန်းတဲ့ သစ်ပင်ကြီးအောက်က ခုံဝိုင်းလေးပေါ်မှာ ထိုင်နေတဲ့သူတစ်ယောက်နဲ့ ထိုသူ့လက်ထဲက စာအုပ်လေးကို စိတ်ဝင်တစားမော့ကြည့်နေကျတဲ့ ကလေးလေးတစ်သိုက်။မျက်လုံးပြာပြာလေးတွေ၊ ရွှေအိုရောင်ဆံနွယ်လေးတွေ မိန်းကလေး ယောင်္ကျားလေး စသည်စသည်ဖြင့် မြောက်များလှစွာသော ကလေးလေးတွေတည်ရှိရာ ဤနေရာသည် အေးချမ်းသောလမင်းဟု အဓိပ္ပါယ်ဖော်ဆောင်တဲ့ မိဘမဲ့ဂေဟာ။Pennsylvaniaမြို့ပြင်မှာ တည်ရှိနေတဲ့ ဒီမိဘမဲ့ဂေဟာလေးဟာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့ ကလေးငယ်လေးတွေအတွက် မိသားစုကဲ့သို့နွေးထွေးစွာကြိုဆိုပေးပြီး စန္ဒာလမင်းလိုအေးချမ်းမှုကို ဖော်ဆောင်သည်။သူဝင်လာတာရှိသေး စာအုပ်ကို စိတ်ဝင်တစားနားထောင်နေသော ကလေးငယ်လေးတွေဟာ ထပြေးလာပြီး ခြေထောက်ကို အမိအရလှမ်းဖက်လာသည်။

"Uncle Joon"

ကလေးမသေးသေးလေးဟာ သူ့နာမည်ကိုခေါ်ပြီး လက်လေးဆန့်ထုတ်လာတာမို့ ကောက်ပွေ့လိုက်ပြီး အသည်းယားလွန်းစွာ အနီရောင်ပြေးနေတဲ့ ပါးပြင်လေးကို မွှေးကြူလိုက်သည်။ပြီးမှ ကိတ်မုန့်တွေဝယ်လာတာမို့ ခွဲဝေစားသောက်ရန်ပြောလိုက်တော့ ပျော်ရွင်မြူးထူးစွာ စားသောက်ခန်းရှိရာဆီ ပြေးဝင်သွားတဲ့ ကလေးလေးတွေကြောင့် နမ်ဂျွန်းလည်းပြုံးကာ ခေါင်းခါလိုက်ပြီး အခုထိ သစ်ပင်ခုံဝိုင်းအောက်မှာ ထိုင်နေသူဆီ ခြေလှမ်းတွေကို ဉီးတည်လိုက်သည်။

"နေသာရဲ့လားJin"

ပုခုံးလေးကို အသာထိကာ ပြောလိုက်တော့ မျက်လုံးတွေကို မှေးမှိတ်ပြီး အသက်ကို ခက်ခက်ခဲခဲရှုနေရသူဟာ နှုတ်ခမ်းလေး ကော့ညွှတ်ရုံမျှ ပြုံးပြပြီး ခေါင်းညိမ့်ပြလေသည်။ဒီမြို့လေးကို ပြောင်းလာခဲ့တဲ့ သုံးနှစ်တာသောကာလအတွင်းမှာ ခက်ခဲပင်ပန်းတဲ့ ကုသမှုဒဏ်တွေကို ခံနေရတဲ့ သူငယ်ချင်းလေးရဲ့မျက်နှာဟာ လက်တစ်အုပ်စာတောင် မရှိတော့တဲ့အထိ ပိန်သွားသည်။ပြင်းထန်လွန်းတဲ့ ကင်ဆာဆေးတွေကြောင့် ရိတ်သင်လိုက်ရတဲ့ ဆံပင်တွေနေရာမှာ ဂေဟာက ဆရာမကြီးကိုယ်တိုင်ထိုးပေးထားတဲ့ သိုးမွှေးဉီးထုပ် သခွှားရောင်လေးက နေရာယူထားလေသည်။သူ့ဘေးဝင်ထိုင်လိုက်ပြီး သူကြည့်နေတဲ့ နေရာကို လိုက်ကြည့်လိုက်တော့ ကျောင်းရဲ့ဘေးဘက် မြေနေရာလွတ်မှာ စိုက်ပျိုးထားတဲ့ နှင်းဆီဖြူခင်းကြီးက နေရောင်အောက်တွင် အိန်ဂျယ်တွေရဲ့ကောင်းကင်ဘုံတမျှ လှပလွန်းနေသည်။

TE ADORO|||JINKOOK||| [Completed]Where stories live. Discover now