9K 256 10
                                    

"အိုအောင်မင်းအောင်ပေါင်းရပါစေကွယ်"

"ပေးတဲ့ဆုနဲ့ပြည့်ပါရစေ"

"ခွင့်ပြုပါဦး ကျွန်တော်တို့အလုပ်ရှိနေလို့"

"ကောင်းပါပြီကွယ်"

ခပ်သုတ်သုတ်ထကာ ခြံရှေ့ရောက်မှခပ်သွက်သွက်ထသွားတဲ့ကိုကို့ကိုလှမ်းဆွဲလိုက်သည်။

"ကိုကိုဘယ်လိုဖြစ်နေတာလဲ ချက်ချင်းကြီးအားနာလိုက်တာ"

"မင်းပြောတဲ့အချက်တွေထဲမှာအဲ့တာပါလို့လား ပြောစမ်းလွန်းသော်"

"ကိုကိုဒါလေးကိုဘာများပင်ပန်းသွားရလို့လဲ"

ကိုကိုကသူ့ကိုစူးစူးရဲရဲပြန်ကြည့်လာသည်။

"ငါအဲ့အတွက်အားမနေဘူး မင်းလိုပန်းချီဆွဲလိုက် စာရေးလိုက်မဟုတ်ဘူး လွန်းမြတ်သော်  ပြသနာလာမရှာနဲ့"

"ပြသနာရှာနေတာမှမဟုတ်ဘဲကိုကို ဖြစ်သင့်တာကိုပြောနေတာ ကိုကိုကတကယ်တစ်ကိုယ်ကောင်းဆန်လွန်းတယ်"

"ကားထဲ၀င်လိုက်တော့ သူများအိမ်မှာရန်မဖြစ်ချင်ဘူး"

လွန်းသော်ပါးစပ်ပိတ်ပြီးသာကားထဲ၀င်ခဲ့လိုက်သည်။ ကိုကိုကလွန်းသော်ဘက်ကိုဘယ်တုန်းကမှမတွေးခဲ့ဖူးပါ တာ၀န်အရဆက်ဆံရေးနဲ့နေ‌သားကျနေခဲ့ပေမယ့်ချစ်တဲ့သူစီကဂရုစိုက်မှုကိုမျှော့်လင့်မိသည်။ တပ်မက်မိပါသည်။ အချစ်ခံချင်ပါသည်။

"ကိုကို့ကိုလွန်းသော်ကဘဲတောင်းပန်ပါမယ်"

ထိုအခါမှမျက်မှောင်ကြုတ်ထားတဲ့မျက်ခုံးတန်းတန်းကအနည်းငယ်ပြေလျှော့ကာ...

"အင်း" တဲ့

တွေးကြည့်ရင်ကိုကို့အမှားလဲမဟုတ်ပြန်ပါဘူးလေ လွန်းသော်ကိုယ်တိုင်ကဒီအခြေအနေကဖန်တီးခဲ့တာ အဲ့တာခပ်ရူးရူးလွန်းသော်ရဲ့အမှားပါ... လွန်းသော်ကဒီလိုအခြေအနေမျိုးမှာတောင်ပျော်နေနိုင်တာပေါ့ ကိုကို့နားမှာဘဲလေ..

အဲ့အချိန်ကသာလွန်းသော်ငြင်းခဲ့မယ်ဆိုရင်

"မင်းငါ့ကိုလက်ထပ်ရမယ်"

"ဗျာ"

"အခုဘဲ လက်ထပ်မယ် ငါလည်းမင်းကိုချစ်တယ်" တဲ့  ကိုကိုရယ် လွန်းသော်ကယုံပါတယ် ချစ်တယ်ဆိုတဲ့စကားကိုယုံပါတယ်ကိုကိုရယ်

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now