၂၀

1.7K 59 21
                                    

"အဲ့ sex tape ကို ကျွန်တော်ရဲလက်အပ်မယ်"

"သားရယ် ဖြစ်ပါ့မလား"

"ပြန်ပေးဆွဲမှု၊မုဒိမ်းမှု ဒီကောင်ကိုရတဲ့အမှုနဲ့တရားစွဲမယ်"

"‌ဖေဖေတော့ စိတ်ပူတယ်သားရယ်"

"ဘာလို့လဲဖေဖေ ကျွန်တော်ဘက်က
လက်လွှတ်လိုက်ရမှာလား အနည်းဆုံးတော့ကျွန်တော်လုပ်နိုင်တာအကုန်လုပ်ရမှာပေါ့ ဖေဖေ"

"Sex tape ထဲမှာသားငယ်ကရုန်းကန်တာမျိုးရှိမနေဘူး"

"အဲ့တာသူဆေးခတ်တာဒါမှမဟုတ်တစ်ခုခုကြောင့်ဘဲဖေဖေ လုံးဝအလိုမတူတာသေချာတယ်"

"သား အဆင်ပြေမယ်ဆိုလုပ်ပါ ဖေဖေလည်းသားငယ်ကိုပြန်လိုချင်တာဘဲ"

Sex tapeကိုဖေဖေ့စီသို့ပို့ခဲ့တာဖြစ်ပြီး ကြည်ညိုမောင် တစ်ခါလေးမှမကြည့်ဖူးပါ
ဖေဖေ့Emailကနေတစ်ဆင့်သူ့စီပို့ကာ
သူဖွင့်လိုက်သည်မို့ ဖေဖေကတစ်ဖက်သို့လှည့်ကာမျက်နှာလွှဲသည်။

ဗွီဒီယိုထဲတွင်လွန်းသော်ကိုထင်ထင်ရှားရှားမြင်ရသည်။ထိုလူ့မျက်နှာကတော့အရိပ်ကျကာမမြင်ရပေ။လွန်းသော်ကမရုန်းကန်သော်ငြားမျက်ခုံးတွေတွန့်ထားသည်။ခန္ဓာတစ်ခုလုံးအပေါ်စီကအုပ်မိုးထားတာမို့လှုပ်ရှားဖို့မလွယ်ကူတာမျိူးလည်းဖြစ်နိုင်သည်။
မုဒိမ်းမှုလို့ဆွဲချက်ချရရန်ထိုဗွီဒီယိုကိုစေ့စေ့စပ်စပ်အကြိမ်ကြိမ်ကြည့်ကာပြစ်ချက်ရှာရသည်။

"ဖေဖေ လွန်းသော်ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်ပေမယ့် လက်ကောက်ဝတ်ဘက်ကိုကြည့်ဖေဖေ"

လက်ကောက်ဝတ်ကိုဖိချုပ်ထားသော်ငြားအပေါ်ပိုင်းကလက်ချောင်းများကအာစထည့်ရုန်းကန်နေသယောင်။အသံမပါတဲ့ဗွီဒီယိုမို့လွန်းသော်အကူအညီတောင်းနေခဲ့နိုင်ပါသည်။

ထို့နောက်လွန်းသော်ကိုလာခေါ်သွားတဲ့နေ့ကခြံရှေ့ကCCTVမှာရိုက်ယူထားမိတဲ့မှတ်တမ်းတစ်ချို့နဲ့အတူဗွီဒီယိုကိုပါရဲလက်အပ်လိုက်သည်။

"မင်းမနိုင်ရဘူးAdam ငါလည်းဘဲအတ္တရှိတယ်"

---------------------------------------------------------
လွန်းသော်ကိုသူ့လှုတွေကကားထဲအမြန်သွင်းကာအိမ်ကိုပြန်မောင်းကြတာမို့ သူတို့bossမှာထားတာဖြစ်နိုင်သည်။
ရဲအရာရှိတစ်ဦးကသူတို့ကားနောက်ကိုလိုက်လာကာပိတ်ရပ်သည်။တာဝန်အရမို့ပူးပေါင်းခိုင်းသော်လည်း သူ့အနားအမြဲတစ်တွဲတွဲပါသော Josephဆိုသောလူကကားပေါ်ကမဆင်းခိုင်း။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now