၂၃

1.4K 56 13
                                    

ဆူဆူညံညံအသံတွေကြောင့်Adamမျက်လုံးများပွင့်လာရသည်။လူကပင်ပန်းနေပြီးခန္ဓာထက်စိတ်ကပိုထိခိုက်နေသည်။

သတိရလိုက်တာ မောင့်ကိုပြုံးပြဖူးတဲ့မျက်နှာလှလှလေးကိုလေ...မောင်သိပ်သတိရတယ် လွန်းရယ်...

မှောင်နေတဲ့အခန်းမှာလူနည်းစုကကိုယ့်အတွေးနဲ့ကိုယ်လွင့်မျောနေကြသည်။မောင်လည်းသူတို့နည်းတူပါဘဲ လွန်းတစ်ယောက်ကြောင့်ရူးပါတယ်..

"မင်းနာမည်ဘယ်သူလဲ အသစ်လေး"

ခပ်တိုးတိုးအသံကအားပျက်နေသယောင်မို့ ကျလုဆဲဆဲမျက်ရည်တွေကိုသုတ်ရင်းသူခေါင်းထောင်ကြည့်မိသည်။

"ကျွန်တော်လား"

"အင်း ဦးလေးနာမည်ကဦးဘုန်းထိုက်"

"ကျွန်တော့်နာမည်မင်းအာဏာရှင်"

အသက်လတ်ပိုင်းအရွယ်အမျိုးသားကခေါင်းငြိမ့်ကာစကားဆက်သည်။

"ဘာအမှုလဲ"

"ပြန်ပေးဆွဲမှု၊မုဒိမ်းမှု"

ခေါင်းတစ်ငြိမ့်ငြိမ့်အမျိုးသားကခေါင်းခါပြန်သည်။

"ဦးလေးလိုဘဲ မတရားခံရတာလား မင်းတကယ်ကျူးလွန်ခဲ့တာလား"

ထိုအမျိုးသားကအဆင့်အတန်းတစ်ခုရှိပုံရပြီး စကားပြောဆိုပုံကအထက်တန်းကျလှသည်။

"ကျူးလွန်ခဲ့ပေမယ့် ကျွန်တော့်ချစ်သူအပေါ်မှာပါ သူကအိမ်ထောင်ကျနေပြီးသား ကျွန်တော်ကယုတ်မာတဲ့အကောင်ပါဘဲ နောက်ဆုံးတော့လည်းအဲ့ကောင်စီသူပြန်ရောက်သွားတာဘဲ"

သူ့ပခုံးပေါ်လက်တင်ကာနှစ်သိမ့်ဖေးမသလိုဖျစ်ညှစ်သည်။

"အမျိုးသမီးကလှမဲ့ပုံဘဲ"

ဦးလေးရဲ့စကားကြောင့် သူတစ်ချက်ပြုံးလိုက်မိတာဘဲ...

"ကောင်လေးပါ တော်တော်လှတယ် ကျွန်တော်ပြ‌မယ်"

ခေါင်းအုံးအောက်မှာသိမ်းထားတဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးကိုထုတ်ပြတော့ မင်းပြောသလိုလှတာဘဲ လို့မှတ်ချက်ပေးတယ်...ကိုယ်ရေးကိုယ်တာကိစ္စတွေကိုအရမ်းမစပ်စုတဲ့ဦးလေးကခင်ဖို့ကောင်းတာတော့အမှန်ပါ။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now