၁၆

1.6K 87 29
                                    

လွန်းနိုးလာတော့သူ့ဘေးမှာ Adamသာရှိပြီးမှောက်အိပ်နေသည်။သူစကားပြောနိုင်ခဲ့တာလား.....

လွန်းသော်ပြန်ကြိုးစားကြည့်ပေမယ့်အသံထွက်မလာ သေချာပေါက်ပွဲထဲမှာ သူစကားပြောနိုင်ခဲ့တာ... ကိုကို့ကို အပေါ်စီးကနေထိုးနှက်နေတဲ့ Adamကိုတားဖို့ သူကြိုးစားခဲ့ရင်းသူ့အသံထွက်လာခဲ့တာ

အပြင်ပန်းမှာသာ ကျွန်တော်ဘယ်လောက်သန်မာချင်ယောင်ဆောင်ပါစေ ကျွန်တော်ဟာ ကိုကို့ အတွက်ဖြစ်တည်လာတဲ့အချစ်တွေနဲ့ကိုယ့်ကိုကို ထိန်းချုပ်ဖို့ပင်ခက်ခဲအောင်ပျော့ညံ့သည်။

အချိန်တွေကိုသာ နောက်ပြန်သွားလို့ရခဲ့ရင် သူAdamနဲ့ပတ်သက်ပြီးထိုကောင်လေးကို မျှော်လင့်ချက်ပေးခဲ့မည် မဟုတ်ပါ။

လွန်ခဲ့တဲ့ငါးနှစ်က သူinstagramနဲ့twitterမှာ သူဟာ LGBTတစ်ယောက်ဖြစ်ကြောင်း အတိအလင်းဖော်ပြထားပြီးနေ့စဥ◌်နေ့တိုင်း သူ့ ပန်းချီကားအသစ်အကြောင်း သူ့အိမ်ကခွေ းလေးအကြောင်းနဲ့ သူရေးတဲ့ ကဗျာတွေအကြောင်းတင်လေ့ရှိတာ

Adamကရိုးရိုးသားသား ပန်းချီကာားလာ ဝယ်ရာကနေ နှစ်ယောက်သားရင်းနှီးပြီ းဂေးဖြစ်ကြောင်းအချင်းချင်း ရင်ဖွင့်ဖြစ်ခဲ့သည်။

ပြီးတော့ သူ့ကို Adamကဖွင့်ပြောလာသည် online relationshipဆိုတာမျိုး တစ်ခါမှမကြုံဘူးတာမို့ အပျော်အနေနဲ့ သူတို့တွဲ ခဲ့ကြသည်။

တစ်နှစ်ကျော်ကျော်ကာလမှာ ကြည်ညိုမေင်ဆိုတဲ့ ကိုကိုနဲ့ တွေ့ခဲ့ရသည်။ သူချစ်မိတယ်ဆိုတာ ကြည်ညိုမောင်ကိုပါ သူပြန်ချစ်ပေးခဲ့တာကတော့ မောင့်ကိုပါ

ကိုကို့ကိုချစ်မိနေတာကိုဝန်ခံခဲ့တဲ့နေ့မှာ သူမောင့် ကိုလမ်းခွဲစကားပြောခဲ့သည်။မောင်ကသူ့ဆံုးဖြတ်ချက်ကို နားလည်ပေးရှာသည်။  မောင်ကဆွဲထားချင်သည်။မောင်ကလမ်းခွဲချင်ပုံမပေါ်သော်လည်း အကျပ်မကိုင်ခဲ့ပါ။ ကိုကို့ကြောင့်ဆိုတာ လွန်းသော် ပွင့်ပွင့်လင်းလင်းပြောခဲ့သည် လွန်းသော်ဖောက်ပြန်ရတာ သိပ်မုန်းသည်မို့ မောင့်ကိုလမ်းခွဲခဲ့သည်။ မောင် ကအငြိုးတေးထားလွန်းသည်။ လွန်းသော်စီရောက်အောင်ပြန်လာပြီး လွန်းသော်ဘဝကိုဖျက်ဆီးခဲ့သည်။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now