၁၅

1.7K 96 48
                                    

ကြီးကျယ်ခမ်းနားလှသည့်အပြင်အဆင်များဖြင့်ထည်ဝါမှူကိုပြသနေသောမင်္ဂလာလက်ထပ်ပွဲဟာ ဆိုင်ဆိုင်မြိုင်မြိုင်။

ပွဲတက်လာသည့်နိုင်ငံခြားသားများနှင့်လည်းလွန်းသော်မသိပေ။သူမိတ်ဆက်ပေးလျှင်သာခေါင်းငြိမ့်ပြသော်လည်း ဖေဖေနဲ့ကိုကိုအလာကိုတိတ်တဆိတ်မျှော်နေမိသည်။

စကားပြောချင်သည့်အမူအယာဖြစ်သောလလက်မနှင့်လက်ညှိုး၊လက်ခလယ်ပူးကာအဖွင့်အပိတ်လုပ်သော သင်္ကေတကိုသူ့ကိုပြတော့ ဖုန်းထဲကnoteကိုဖွင့်ပေးသည်။

*ဖေဖေလာမှာလားဟင်*

"မောင်ဖိတ်ထားတယ် လွန်းဖေဖေလာမှာပါ"

အမေရိကန်နိုင်ငံသားအဖြစ်ခံယူရန်ပြောသောကြောင့် သူငြင်းဆန်ကာလက်ထပ်ပွဲရက်ရှေ့တိုးဖို့နဲ့အလဲအလှယ်လုပ်ရသည်။
မင်္လာပွဲကထင်ထားတာထက်တစ်ပတ်တိတိရှေ့တိုးပစ်လိုက်ပြီး ကွာရှင်းပြတ်စဲလက်မှတ်ထိုးပြီးတာနဲ့ Adamကညတိုင်းပါတီပေးနေတာဖြစ်သည်။

*ငါနေရခက်တယ် ဒီလူတွေနဲ့မသိဘူး*

"အင်း ပြီးရင်နားလို့ရတယ် မောင်စီစဉ်ပေးမယ် လွန်းဖေဖေလာပြီးတာနဲ့စကားခနပြောလေ"

*အင်း ဖုန်းဆက်ကြည့်ချင်တယ်*

"ဆက်ဗျာ ဆက် သဘော"

Adamကစိတ်ကြည်နေပုံရကာသူ့ကိုပြုံးပြပြီးအကုန်လိုက်လျောသည်။

"မောင် face timeခေါ်လိုက်မယ်"

ဖုန်းဝင်ပြီးမကြာခင်ဘဲ ဦးထွန်းမြတ်သော်ကားမောင်းနေသောပုံရိပ်ကဖုန်း screenထဲပေါ်လာသည်။

လွန်းသော်လည်း ဘာမှမပြောနိုင်တာမို့ အဖေဖြစ်သူကိုမျှော်လင့်ချက်ဖြင့်မျက်ရည်အဝိုင်းသာကြည့်နေလိုက်သည်။

"သားလေး အဖေ့သားငယ်လေး နေလို့ကောင်းတယ်မလား အဖေအခုလာနေပြီနော်"

သူခေါင်းတစ်ဆတ်ဆတ်ငြိမ့်ကာမျက်ရည်ကျမိသည်။Adamကနှုတ်ခမ်းရွဲ့သည်။

ဖုန်းကိုဘေးတစ်ဘက်မှလှမ်းယူလိုက်သလို screenပေါ်ကနောက်ထပ်လူတစ်ယောက်ဟာ ကိုကို

"လွန်းသော်"

ကိုကို့အသံဟာဖျော့တော့နေပြီးလွန်းသော်ကိုကြည့်တဲ့အကြည့်တိုင်းမှာနောင်တတွေပါနေတာကိုဖုန်းscreenခြားထားသည့်ထိခံစားမိစေခြင်းကအောင့်မျက်စေသည်။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now