၂၈

1K 39 12
                                    

"ဦးဦး ဖေဖေကအိမ်မှာစောင့်နေမှာလား"

"ဟုတ်တာပေါ့  သမီးကိုတွေ့ဖို့စောင့်နေမှာ"

"ဟုတ်ကဲ့ပါ ဒါပေမယ့် ဦးဦးရဲ့ကားဂတ်ဖိုးတွေကုန်နေဦးမယ် ပန်းခြံနဲ့အိမ်ကဒီလောက်နီးတာကို ကားနဲ့လာခေါ်ရလို့လေ"

Adamကမျက်လုံးတွေမှေးစင်းပြီးကြည့်တော့ ကလေးမလေးက ပြုံးပြကာ

"စေတနာနဲ့ပြောတာပါဦးဦး ဖေဖေကခြွေတာရမယ်လို့ပြောပြဖူးလို့ပါ"

သွက်လည်းသွက်ပြီး ချစ်ဖို့ကောင်းတာမို့ Adam သဘောတကျပြုံးလိုက်မိသည်။

အဝေးကဘဲမြင်လိုက်ရတဲ့ချစ်သူရဲ့ပုံရိပ်ကတော့ နှလုံးသားမှာ ဝေဝေဝါးဝါးလေးပဲ့တင်ရိုက်နေသည်။

"သမီးအိမ်မပြန်ခင် ဦးက လိုချင်တာလိုက်ဝယ်ပေးမလို့"

"အို တကယ်လား အားနာဖို့ကောင်းလိုက်ဝာာ ဖေဖေကခွင့်ပြုလို့လား"

"လွန်းကခွင့်ပြုပါတယ်"

ထိုအခါမှကလေးမလေးကသူ့ခါးမှပတ်ထားတဲ့အပေါ်ထပ်ကိုဝတ်ကာ အတူတူလိုက်လာသည်။

ကားပေါ်တင်ရန်တောင်မနည်းပြောခဲ့ရတဲ့ကလေးမလေးက အလည်လွန်လေး။ကိုယ်နဲ့လွန်းရဲ့ပုံပြနိုင်မှလိုက်မယ်ဆိုလို့ စိတ်ရှိလက်ရှိ ကားထဲမှာပါလာတဲ့ မင်္ဂလာဆောင်ဓာတ်ပုံကြီးထိုးပြလိုက်တော့မှအသာတကြည်လိုက်သည်။

"သမီး KFCစားချင်သေးလား"

"ပန်းခြံမလာခင်ကဖေဖေနဲ့မှာစားခဲ့ပါတယ် ဦးဦး"

"ဒါဆိုလည်း တခြားစားချင်တာ လိုချင်တာဝယ်လေ"

"ဟုတ်"

ဘာတစ်ခွန်းမှမမေးဘဲသူစားချင်သည့်မုန့်ထုပ်လေးများနဲ့ ဖျော်ရည်ဘူးများကိုရွေးထည့်သည်။

"ခရီးသွားရတော့မလိုခံစားရတယ် ဖေဖေနဲ့ကမ်းခြေသွားတုန်းကလည်း အခုလိုမုန့်လာဝယ်သေးတယ် သိလား ဦးဦး"

ဟုတ်တာပေါ့ သမီးမြန်မာနိုင်ငံကိုခရီးသွားရတော့မှာလေ...
-----------------------------------------
အနီးပတ်ဝန်းကျင်က ကလေးတွေပြောတာတော့ လွန်းစီကိုဘဲ အလီဇာကလိုက်သွားတာတဲ့လေ..

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now