၁၉

1.3K 65 23
                                    

ဒီ‌နေ့ကလွန်းသော်နဲ့Adamရှေ့နေနဲ့လက်မှတ်ထိုးရမှာဖြစ်သည်။နိုင်ငံသားအဖြစ်မခံယူတာမို့USမှာပွဲဘဲလုပ်ပြီးမြန်မာမှာလည်းပွဲထပ်လုပ်ဦးမည်တဲ့

ဖေဖေလာဖို့သူမျှော်လင့်သည်။ ဝမ်းနည်းအားငယ်တဲ့အချိန်မှာတစ်ခုတည်းသောမိသားစုဖြစ်တဲ့ဖေဖေ့ကိုသတိရသည်။ဖေဖေဟာသူ့ကိုအထိခိုက်မခံခဲ့ပေမယ့် အခုကျတော့ငြိမ်နေသည်။ တစ်ခုခုလုပ်ခဲ့ရင်လွန်းသော်ရင်အလွယ်လေးပြန်ခေါ်လို့ရနိုင်ရဲ့နဲ့...

"လွန်း ဒီအရောင်လေးနဲ့အရမ်းလိုက်တယ်"

လွန်းကခံစားချက်မရှိသူလိုဆိတ်ငြိမ်နေပြီးသူ့ကိုကျော်တက်ကာအခန်းပြင်ကိုလှမ်းရန်ပြင်စဉ်

"မြန်မာနိုင်ငံပြန်ရောက်ပြီဆိုပြီး ထွက်ပြေးဖို့မကြိုးစားနဲ့ မောင်အဲ့ခြေထောက်တွေရိုက်ချိုးပစ်မှာ"

လေသံတိုးဖြင့်ဆိုသော်ငြား‌လည်းခြိမ်းခြောက်သံပါနေတာကတော့သေချာသည်။သူ့ကိုအကြောက်တရားနဲ့ချုပ်ကိုင်ပြီး
အားနည်းချက်ကိုချနင်းသည်။Adamရဲ့စိတ်အခြေအနေပေါ်မူတည်ပြီး သူ့ဘဝကအိမ်မွေးခွေးတစ်ကောင်လိုပြူမူရသည်။

-----------------------------------------------------
~စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင်..ကိုယ့်စိတ်ကအရင်ဒီလို  မဟုတ်ဘူး
ကွယ့် မင်းနဲ့မှပြောင်းလဲကုန်ပြီ~

~အားလုံးလည်းငါမယုံနိုင် မင်းလေးကိုဘယ်သူမှမပေး မပေးမပေးနိုင်ဘူး...~

~မင်းငါ့အသည်းငါ့အချစ်ဘဲ မင်းလေးဟာငါ့အတွက်ဘဲ လွန်တယ်လို့မင်းထင်လား~

~အဘိဓမ္မာတရားမှာ အချစ်မှာနှေးကန်ရင်
ခံသွားနိုင်တယ်..တစ်ယောက်ယောက်ကဝင်လာပြီး လုသွားမှာလည်း ဒီကောင်လေးကြောက်နေတယ်~

~ချစ်တဲ့သူမင်းဟာလည်း ဘုရားပေးတဲ့ဆုပါဘဲ အို မရှိမဖြစ်ဘူး..~

~မင်းလေးဟာငါ့အချစ်ဘဲ မင်းလေးကငါ့အတွက်ဘဲ လွန်တယ်လို့မင်းထင်လား..~

စင်ပေါ်မှာမုအပြည့်နဲ့သီချင်းတက်ဆိုနေပြီးလွန်းသော်ကိုစေ့စေ့စပ်စပ်ကြည့်ကာ ထေ့ငေါ့ဆိုနေသည်။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now