1.8K 109 6
                                    

"သေချာစုံစမ်းပေး ဆေးရုံတက်ရတာ ဘယ်သူလဲဆိုတာ"

"ကြည်ညိုမောင်ပါ ကျွန်တော်တို့ကြောင့် လက်ကျိုးသွားတယ်လို့ကြားပါတယ်"

"ငါတော့အဲ့လိုမထင်ဘူး Joseph အဲ့တော့ မင်းသေချာစုံစမ်းပါ ငါစုံစမ်းမှသိရရင်မင်းစောက်သုံးမကျလို့ဘဲ"

"ဟုတ်ကဲ့ပါboss"

Joseph ထွက်သွားတော့မှလက်ထဲကဝီစကီကိုတစ်ကျိုက်ထဲမော့ကာ ဒေါသကြောင့် သူ့လည်ပင်းကြောများကထိုးထောင်နေသည်။

"ကြည်ညိုမောင် မင်းဘာလို့ ငါ့ရတနာလေးကိုတန်ဖိုးမထားရတာလဲ မင်းလိုကောင်ကဘာလို့သူ့ကိုပိုင်ဆိုင်ခွင့်ရှိနေရတာလဲ"

သူ့မျက်ခုံးတွေစုကြုံကာမှိတ်ချလိုက်တော့ပင်ပန်းလွန်းတဲ့ခန္ဓာကိုယ်ကြောင့်မှေးစက်ချင်လာသည်။

"ကျွန်တော်ကမြန်မာလူမျိုးပါ ခင်များပန်းချီကားတွေကိုတကယ်ကြိုက်လို့ ကျွန်တော့်ကိုရောင်းပေးနိုင်မလား"

"ကျွန်တော့်ပန်းချီတွေကရောင်းဖို့မဟုတ်ဘူး ဟို မင်းလိုချင်ရင် ငါ ငါပေးမယ်လေ"

ပန်းချီတွေကိုရောင်းမစားချင်တာနဲ့ အားနာပါးနာ အလကားပေးမယ်ဟုပြောခဲ့ပုံလေးကို သူ့မျက်လုံးထဲ‌မြင်‌ယောင်သည်။
ကျွန်တော်အဲ့ချိန်ကတည်းချစ်ခဲ့မိတာဖြစ်မယ်

"ကျွန်တော်လွန်းမြတ်သော်ကိုပြောစရာရှိတယ် ကျွန်တော့်ကိုစိတ်မကွက်နဲ့"

"ဘာလဲပြောပါ Adamရဲ့ မင်းနဲ့ငါကစိတ်ကွက်စရာအခြေအနေမှမဟုတ်တာ"

ဟုတ်တာပေါ့ ကျွန်တော်တို့ကသူငယ်ချင်းတွေဖြစ်နေကြပြီလေ..
ကျွန်တော်လွန်းမြတ်သော်သူငယ်ချင်းမဖြစ်ချင်ဘူး ကျွန်တော်လွန်းမြတ်သော်ရဲ့အရာအားလုံးပိုင်ဆိုင်ရသူဖြစ်ချင်တာ

"ကျွန်တော်တော့ လွန်းမြတ်သော်ကိုချစ်မိနေတယ်"

"ဟင် အာ Adam"

screenထက်ကသူ့မျက်နှာနုနုလေးနီမြန်းသွားတော့စိတ်ကျေနပ်မိသည်။

"မောင့်ကိုလွန်းမြတ်သော်ရဲ့အရာအားလုံးပိုင်ဆိုင်ခွင့်ပေးစေချင်တယ်"

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now