၁၂

1.6K 88 7
                                    

Meeting Room ထဲရောက်နေပေမယ့် silent ချထားတဲ့ဖုန်းကတုန်ခါနေတာကိုသတိထားမိသည်။meetingချိန်ကြီးဘယ်သူလဲကြည့်မိတော့လွန်းသော်ပင်..

Meeting သွားတာကိုအပျော်များထင်နေသလား.. ခေါင်းကတစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ဒဏ်ကြောင့် သူ့စိတ်တွေဟာအရာရာအပြစ်မြင်တတ်နေသည်။
မကိုင်ဘဲထားတော့messageကနေတစ်တင်တင်ပို့လာသည့်ပုံများ...

*လွန်းမြတ်သော်ကိုငါပိုင်တယ်*

ဆိုသောmessageတစ်ကြောင်းနှင့် အိပ်ယာထက်ကအမြင်မသင့်တော်သောပုံများစွာ..

Meeting Room ထဲမှဝုန်းခနဲထရပ်တဲ့သူ့ကိုအကုန်လုံးကအထူးအဆန်းလိုကြည့်နေကြပြီး တီးတိုးသံများထွက်လာသည်။

"Sorry I have to go"

သူ့တစ်ကိုယ်လုံးပူထူသွားသည်။ ဒါဘယ်လိုအခြေအနေကြီးလဲ လွန်းသော်ဆန္ဒမပါဘူးမလား သူသိနေတယ် လွန်းသော်ကအဲ့လိုမဟုတ်ဘူးဆိုတာ

*လွန်းသော်ဘယ်မှာလည်း*

*အဲ့တာကိုအသာထားပြီး မင်းအိမ်ပြန်ရောက်ရင်ကုတင်ပေါ်ကစာချုပ်မှာလက်မှတ်လေးထိုးပေးပါဦး*

သူ့စိတ်ကအကန့်အသတ်မဲ့သွားသည်။တစ်နုတ်နုတ်ဖြစ်နေတဲ့စိတ်ကြောင့်ဖုန်း‌ခေါ်လိုက်သည်။သူသေချာရှင်းရမှဖြစ်မယ်

"ငါလိုးမသားမင်းဘာစောက်ချိုးချိုးတာလဲ သူများ ယောင်္ကျားကိုပစ်မှားတဲ့ကြာကူလီကောင်"

"ကျစ် နားငြီးတယ် လက်မှတ်ထိုးပြီးဖုန်းဆက်လိုက်"

"မင်းတို့အခုဘယ်မှာလဲ ငါ့ကိုပြော"

"အခုလား အရမ်းသိချင်နေရင်ပြောပြမယ် လေယာဉ်ပေါ်ကအိပ်ယာပေါ်မှာ"

"တောက် ကြာကူလီကောင်ဒါမင်းမတရားကြံတယ်ဆိုတာငါသိတယ်"

"မင်းဘာလုပ်နိုင်လို့လဲ"

"ငါဘာမှမလုပ်နိုင်ပေမယ့် ဦးထွန်းမြတ်သော်ကတော့လုပ်နိုင်တယ် သူ့သားကိုထိရင်ငြိမ်နေမှာမဟုတ်ဘူး"

"ဒါတွေမင်းစိတ်မပူပါနဲ့ ငါဖြေရှင်းနိုင်တယ်
လက်မှတ်သာထိုးပေး"

လွန်းသော်နဲ့ကွာရှင်းဖို့ကိုဖိအားပေးနေသည်ကလွန်းသော်ဘက်ကငြင်းဆန်နေကြောင်းခန့်မှန်းမိသည်။ သူသာလက်မှတ်မထိုးရင်လွန်းသော်လည်းကွာရှင်းမှာမဟုတ်ဘူး

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now