၂၄

1.7K 59 17
                                    

"ကိုယ်ဒါတော့ သဘောမတူနိုင်ဘူး လွန်းသော်"

"သုံးနှစ်နဲ့နှစ်လရှိပြီ ကိုကို စာချုပ်ပြည့်လို့ ကျော်နေပြီ"

လွန်းသော်ကစာချုပ်ကိုထုတ်ပြကာ ခပ်အေးအေးဆိုသည်။

သူတို့ကြားမှာဒီကိစ္စကမရှိတော့ဘူးထင်ခဲ့တာ...လွန်းသော်ဟာဘာကြောင့်များ ကွာရှင်းချင်ရသလဲ သူ့ကိုမချစ်တော့သည်လား အခုထိစိတ်ဆိုးမပြေသေးခြင်းများလား...

"ဒီစာချုပ်!!! ကိုယ်ဂရုမစိုက်ဘူး"

ဆွဲဖြဲခံလိုက်ရတဲ့စာချုပ်ဟာ ယခုအခါစက္ကူစုတ်သာသာ...

"ယောင်္ကျားတစ်ယောက်နဲ့ ယောင်္ကျားတစ်ယောက် နှစ်ဦးသဘောတူလက်မှတ်ထိုးခဲ့တာ အခုချိန်မှာလည်း ကြည်ကြည်ဖြူဖြူကွာရှင်းပေးဖို့မျှော်လင့်တယ် စာချုပ်အတိုင်းကျွန်တော်အကုန်လုပ်သွားမှာ ကိုကို"

သူ့ခေါင်းတွေချာချာလည်လို့ ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့ပေ။လွန်းသော်ဟာနားလည်ရခက်လိုက်လေခြင်း..

"ကိုယ့်ကိုမချစ်တော့ဘူးလား"

ငွေ့ရည်ဖွဲ့လုမျက်ဝန်းညိုညိုများဟာ အရောင်အဆင်းမဲ့လျက် အသက်မဲ့သောအသွင်ဆောင်သည်။

ခါးသက်ပါ၏ဟူသော အရသာထက်
နာကျင်ပါ၏ဟူသော ဒဏ်ရာထက်
ဆိုးရွားပါ၏ဟူသော အခြေအနေထက်
-------------------------
"အဖြူကောင်လေး Joseph နဲ့တွေ့ချင်တယ် အမ်းး ကျေးဇူးပြုပြီး ကိုယ်ဝင်သွားလို့ရမလား"

"မရပါဘူးရှင့် appointment ယူထားမှရမှာပါ ကိစ္စလေးတွေဖြစ်နေတော့...ဟို"

"ကိုယ်ကမင်းအာဏာရဲ့အမှုကိုင်ပါ"

ထိုအခါမှအကြောတင်းတင်းအမျိုးသမီးကခေါင်းလေးငုံ့ကာ ဝင်ခွင့်ပြုသည်။

ရှိုင်းစက်ထင်တဲ့ တစ်ထင်တည်းရှိတယ်ကွ!!

"ခင်များဘာလာလုပ်တာလည်း"

"ဟော ဒါကမင်းရဲ့ဧည့်သည်ကိုဆက်ဆံပုံလား standard မရှိလိုက်တာ"

တစ်ဖက်လှည့်ကာနှာခေါင်းရှုံ့တော့ အဖြူကောင်လေးက ရှုးရှုးရှားရှားနှင့်ရန်ရှာရန်တစ်ကဲကဲ...

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now