၂၅

1.4K 47 18
                                    

အချိန်ကာလအားဖြင့် ငါးနှစ်တောင်ကြာမြင့်နေလေပြီ။

တစ်ဖွဲဖွဲကျနေတဲ့နှင်းပွင့်ဖြူဖြူများဟာ လမ်းမီးတိုင်အခြေကိုပင်ဝါးမြိုထားသည်။ဝါကျင့်ကျင့်လမ်းမီးရောင်အောက်ဝယ် နှင်းပွင့်များဟာလူးလို့လွန့်လို့ကျဆင်းလာကြသည်။ပန်းချီကားတစ်ချပ်သာဖြစ်ခဲ့ရင်ဆိုသော အတွေးကြောင့် ပုံရိပ်မှိန်မှိန်များကိုပုံဖော်ရန်ပြင်မိသည်။မနက်မိုးသောက်ခါနီးအချိန်မို့ ရောင်နီကျလာခိုက်ဝယ်ဝါကျင့်ကျင့်လမ်းမီးရောင်ဟာ ပုဇွန်ဆီရောင်သမ်းသည်။

"Daddy အစောကြီးနိုးနေတာလား"

"အင်း သမီးလေးကရော အစောကြီးနိုးလာတာလား"

"သမီးကတရေးနိုးတာ Daddy မရှိလို့ထလာတာ"

"Daddy ပုံဆွဲဦးမယ် သမီးလေးပြန်အိပ်လေ"

"Nah Daddy, I want to see it too"

"ဟုတ်ပါပြီ ဒါဆိုအေးတယ် စောင်ထူထူယူခဲ့"

"yay"

မျက်လုံးပြာပြာဆံဝါဝါနဲ့ကလေးမကပြုံးပြကာ အနမ်းပေးသည်။ ထို့နောက်အိပ်ခန်းထဲမှစောင်တစ်ထည်ခြုံကာ အသင့်ရှိတဲ့ဆိုဖာပေါ်ထိုင်သည်။

"သမီးအိပ်ပျော်သွားရင်Daddyနှိုးရမယ်နော်"

"ဟုတ်ပါပြီဗျာ"

ပန်းချီကားတွေကိုစိတ်နှစ်လိုက်တိုင်း ထိုအမျိုးသားဟာအတွေးတွေထဲ နေရာယူလာပြန်သည်။ ကောင်းခဲ့သည်လည်းရှိသလို ဆိုးခဲ့တာလည်းရှိမည်။ ပြန်အမှတ်မရချင်တော့သလို တိုက်ဆိုင်တိုင်းလည်းမလွမ်းမိအောင်ကြိုးစားပါသည်။

လွန်းဘဝမှာတွေ့ဆုံခဲ့ဖူးတဲ့အမျိုးသားနှစ်ယောက်ကြောင့် လွန်းဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရတယ် စကားမပြောနိုင်တဲ့အထိလည်းဝေဒနာတွေခံစားခဲ့ရဖူးသလို ရုပ်ရှင်ဆန်ဆန်စာချုပ်နဲ့ခပ်ပေါပေါအချစ်တစ်ခုလည်းပါသေးတယ်.... ပျော့ညံ့ခဲ့မိတာလား မတွေးတောတတ်ခဲ့တာလား လွန်းသိပ်နောင်တရတယ်..ပြင်မရတဲ့အမှားတွေကြောင့် သိပ်ခံပြင်းရတယ်...
--------------------------------------------------
"Boss"

"ဒီနေ့ရောဘာထူးလဲ"

မထူးခြားတဲ့အဖြေကြောင့် ခေါင်းရမ်းပြမိသည်။
အခုချိန်ထိတိုင်ခေါင်းမာမာနဲ့ရှာဖွေနေသေးတဲ့bossကိုသူလည်းဘာမှပင်မပြောနိုင်တော့ပင်။
ပုန်းခိုနေသူကိုရှာဖွေချင်သလောက်ရှာဖွေစမ်းပါစေ ဘယ်သောအခါမှတွေ့မှာမဟုတ်ပေ။လွန်းမြတ်သော်လည်းခံစားရတာတွေများသည်မို့ Joseph ကိုယ်တိုင်တောင်သနားမိသည်အထိပင်။မိသားစုပြသနာတွေရော၊သစ္စာဖောက်မှုတွေရောကိုအလူးအလဲခံခဲ့ရသည့်ဘဝ....

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now