၂၂

1.8K 61 11
                                    

"အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်နှစ်ကျခံစေ"

တရားသူကြီးမင်းရဲ့စကားသံအဆုံးအလိုမကျသလိုမျက်နှာလွှဲလိုက်သူကကြည်ညိုမောင်။

တစ်နှစ်ဆိုတဲ့အချိန်ကခဏလေးနဲ့ကုန်သွားမှာ ...အဲ့အခါကျလွန်းသော်ကိုသူ့စီကလာလုယူဦးမှာ...

ချက်ချင်းဘဲအရာရှိစီဆက်သွယ်တော့ အလိုမကျမှုတွေကပိုတိုးလာရသည်။
မင်းအာဏာရှင်ကိုထောင်နှစ်အကြာကြီးကျစေချင်တယ်...

"တောက်!!"

"ကိုကိုပြန်လာပြီလား ဘာတဲ့လဲဟင်"

သူအိမ်ပြန်ရောက်ရောက်ချင်းစီးမေးတဲ့လွန်းသော်ကြောင့်မကြည်တဲ့စိတ်ကိုဘေးဖယ်ကာ အပြုံးတစ်ခုဖန်တီးမိသည်။

"တစ်နှစ်တည်းကျတယ်"

"အော်"

တွေတွေလေးရပ်သွားတဲ့လွန်းသော်ဟာ ဝမ်းနည်းသည်လား ပျော်ရွှင်သည်လား စိတ်မကောင်းသည်လား ......

အမည်ဖော်မရသည့် ခေါင်းစဉ်မရှိသောအမူအယာတွေဟာတစ်ရိပ်ရိပ်ပင်။

"ကိုယ်တို့လည်းကိစ္စတွေပြီးပြီ‌ဆိုတော့ ‌လွန်းသော်သွားချင်တဲ့ကမ်းခြေသွားကြရင်ရော"

"တခြားနေရာသွားကြမယ်လေ ကမ်းခြေကပူတယ် ကျွန်တော်မကြိုက်ဘူး"

"သဘောပါဗျာ လွန်းသော်ရှာထားပေါ့ ကိုယ်လိုက်ပို့မယ်"

"အင်း"

လွန်းသော်ကိုကျော်တက်ကာအိမ်အပေါ်ထပ်အရောက် ပန်းချီခန်းတံခါးကပွင့်နေသည်ကိုရုတ်တရက်မြင်လိုက်တာမို့ သွားကြည့်မိတော့

"မြတေး"

"အာ ကိုကိုမောင်"

"ဘာလုပ်နေတာလဲ"

သူမေးတော့မြတေးကဖြေရခက်သလိုအကြည့်လွှဲသည်။ လိမ်နေတာသေချာသည့်အပြုအမူ။

"ဟို မြရောင်ကပန်းချီကားတွေကြည့်နေတာ"

"ငါ့ကိုမလိမ်နဲ့ မြတေး"

"မြ မြရောင်က"

"ပြော!!"

စိတ်မကြည်တာနဲ့ပါရောပေါင်းပြီး ကျယ်လောင်သွားသည့်အသံကြောင့် တအိအိငိုချတော့သည်။

သုံးနှစ်တာဆက်ဆံရေး(complete)Where stories live. Discover now