Ep.....1

5.6K 217 0
                                    

Zawgyi🍀

ရှင်းနောင်ဦး  တရေးနိုးတော့ ကိုကိုက ဘေးမှာ မရှိပေ။
ဝရံတာနားက ရယ်သံကြားတာကြောင့် ခြေသံတိုးတိုဖြင့် အနားကပ်သွားတော့ ကိုကိုက ဖုန်းပြောနေသည်။

အလုပ်ကိစ္စလို့ ထင်မိပင်မယ့် ကိုကို့ အပြုံးနဲ့ အခေါ်အဝေါ်က
အလုပ်ကိစ္စနဲ့ လားလားမှမဆိုင်။ဖုန်းပြောရင်း "မကလဲ"လို့ တစ်ခွန်းပြောတိုင်း သူ့ရင်ထဲ စူးနေအောင် နာကျင်ရသည်။
ဗိုက်ကလေးကို ငုံကြည့်ပြီး ဝမ်းနည်းလာသည်။သူ့တို့ကလေးလေးက သူဝမ်းဗိုက်ထဲ သန္ဓေတည်နေတာ သုံးလပင်ရှိပြီ။

ဖုန်းချတော့မယ်နော် ဆိုတဲ့ အသံကြားတာကြောင့် ရှင်နောင်ဦး အိပ်ရာပေါ် ပြန်တတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ဖုန်းပြောပြီးတဲ့ ကိုကိုက အိပ်ရာပေါ် ပြန်လာပြီး အိပ်သွားသည်။

ဝနကျော်စွာ ဆိုတဲ့ ကိုကိုက ငယ်ငယ်က မာမီတို့ မွေးစားထားသူ။အရွယ်ရောက်လာတော့ မေတ္တာရှိပြီး  အခု တရားဝင်လက်ထပ်ထားသူ။ပြောင်းလဲလာတာ သိပင်မယ့် အလုပ်ကိစ္စတွေကြောင့်လို့သာ ထင်သည်။

ရှင်းနောင်ဦးက ဒီဇိုင်နာ တစ်ယောက်ဖြစ်ပြီး XM ကုမ္ပဏီနဲ့ XM ဆိပ်ကမ်းက က ဘိုးဘွားပိုင်ဖြစ်သည်။XM ကုမ္ပဏီကို ရှင်းနာင်ဦးက ဦးစီးသည်။ဆိပ်ကမ်းကိုတော့ ကိုကိုက ဦးစီးခိုင်းထားသည်။ကိုကိုက သာမန် လူတန်းမို့ ကိုကိုနဲ့ လက်ထပ်တော့ မာမီတို့က သဘောမတူချင်ပင်မယ့် လက်ခံပေးသည်။

အစစအရာရာ ကိုကို သူ့ဆွေမျိုးတွေကြား မျက်နှာ မငယ်ရအေင် ထားပေးသည်။မာမီတို့ဆိုလဲ အစကသာ သဘောမတူချင်ပင်မယ့် ငယ်ငယ်ကတည်းက မွေးစားသားမို့ ချစ်ရှာသည်။
သူနဲ့လက်ထပ်လိုက်တော့ ပိုချစ်ပေးကြသည်။တစ်ခါတစ်လေဆို မာမီက သူ့ထက်ပင် ကိုကို့ကို ဂရုစိုက်သည်။ကိုကို ကျန်းမာမှ သူ့သားလေးကို ပြန်ဂရုစိုက်ပေးနိုင်မှာမို့တဲ့။

ဖောက်ပြန်တာကို သူသိပ်မုန်းပါသည်။ဒါကို ကိုကိုလဲ သိသည်။အိမ်ထောင်ရှိသူတစ်ယောက်နဲ့ ဖောက်ပြန်ရဲတဲ့ သူကိုလဲ သူမုန်းသည်။

သူများမိသားစုကို ဖြိုခွဲတဲ့ လူကို သူသိပ်ရွံသည်။
ကိုကို ကို သူကသာယာမှုများ မပေးနိုင်လို့ မိန်းမတစ်ယောက်နဲ့ ဖောက်ပြန်လေရော့လား။တစ်ကယ်ဆိုလဲ ကိုကိုတောင်းတိုင်း သူဖြည့်ဆည်းမပေးနိုင်ပါ။အလုပ်တစ်ဖက်နဲ့မို့ အဲ့ဒါကို ဂရုမစိုက်မိတာ သူမှားသွားလား။ပြီးတော့ အခုချိန်က ကိုယ်ဝန်ဆောင်ချိန်မို့ ဆင်ခြင်ရသည်။

After the painWhere stories live. Discover now