Ep.....30

1.3K 109 7
                                    

Zawgyi❣️

Zawgyi❣️

_____________________________________
Unicode❣️

ရှင်းနောင်ဦး ဆေးရုံက ဆင်းတာ တပတ်ပြည့်ပြီ ။ ဝနကျော်စွာလဲ အိမ်မှာဘဲ ပြန်နားမယ်ဆိုပြီး သူဆင်းပြီး ၃ရက်လောက်က ဆင်းသွားတာ။ ဝနကျော်စွာ သတိရကတည်းက အခုချိန်ထိ သူသွားမကြည့်ဖြစ်ဘူး။ မကြည့်ချင်တာဆို ပိုမှန်လေမလား။ သူ့ကို ကာကွယ်ပေးရင်း ဆိုပင်မယ့် ဒီကိစ္စရဲ့ အဓိက တရားခံက ကြယ်တာရာဆိုတဲ့ သူ့မိန်းမဘဲဟာ။

ကြယ်တာရာတို့အသည်းမာတာဘဲလား ။  မလာရဲတာလားတော့ မသိ။ ဆေးရုံကို တစ်ခေါက်တောင် မလာပေ။

"အကို ခနနေ အစည်းအဝေးရှိတယ်နော် "

နောင်မြတ်ပိုင်အသံကြားမှ အတွေးထဲက ရုန်းထွက်လိုက်သည်။

"အွန်း ပြင်ဆင်ထားလိုက်နော်"

"ဟုတ်"

ခြေလှမ်းအစ ဖြိုကွဲခြင်း အနေနဲ့ ကုမ္ပဏီရဲ့ လချုပ် နှစ်ချုပ် စာရင်းတွေကို စာရင်းစစ်လက်ထဲ အပ်တာတွေ ရပြီမို့ ကြယ်တာရာကို ဖြုတ်ချဖို့ဘဲ လိုတော့တယ်။

ရှင်းနောင်ဦး အစည်းအဝေး အခန်းထဲ ရောက်တော့ လူပင်စုံနေပြီ။ဥက္ကဋ္ဌ နေရာကတော့ လွတ်နေတာပေါ့။

ပထမဆုံး အနေနဲ့ ဒီဇိုင်းဌာနက ဒီရာသီအတွက် ထုတ်လုပ်ဖို့ ဒီဇိုင်းတွေ တင်ပြကြသည်။

"နွေရာသီဆိုတော့ ဒါလေးက ပေါ့ပေါ့ ပါးပါးဖြစ်ပြီး နွေရာသီဆိုတဲ့ အရသာကိုခံစားစေရမယ့် ဒီဇိုင်းလေးပါ"

"အွန်း ဒါပင်မယ့် အကျီက ပန်း အပွင့်အဖက်တွေ ဒါတွေက ရိုးနေပြီ တခြား တစ်ခု ပြောင်းတည့်ကြည့် သင့်တယ်။"

ရှင်းနောင်ဦး အပြောကို ရှယ်ယာ ရှင်တွေက ထောက်ခံကြသည်။

"အို အခုက အဲ့တာတွေ ခေတ်စားနေတာကို အဲ့တာတွေ မပါရင် ဘယ်ရောင်းအား ကောင်းပါ့မလဲ"

တစ်ဦတည်းသောဟမထောက်ခံသူ ကြယ်တာရာက ထပြောသည်။

"မကြယ်တာရာက မားကတ်တင်း အပိုင်းမှာ နေပြီး ဒီစကား ပြောတာ အံသြမိတာတော့ အမှန်ဘဲ။ XM ကုမ္ပဏီ ဆိုတာ
trendဖြစ်တဲ့ အရာနောက်ကို လိုက်ရတဲ့ ကုမ္ပဏီ မဟုတ်ဘူး။ အရင်ကတည်းက XMကြောင့် trendဖြစ်သွားပြီး
XMနောက်ကိုလိုက်ကြရတာ ချည်းဘဲ"

After the painWhere stories live. Discover now