Ep.....25

1.5K 126 7
                                    

Zawgyi❣️

လင်းချုံတစ်ယောက် ထမင်းစားခန်းထဲ ထိုင်ရင်း အတ္တကိုကျိန်ဆဲမိသည်။ ရေလေးချိုးတာ ဒီလောက်ကြာရလား။
၅နာရီကျော်လောက်ထဲက တက်သွားတာ အခု ၇နာရီကျော်ပြီ ခုထိ ဆင်းမလာသေး။

"အဒေါ်ကြီး ပူတင်းလေး နဲနဲ ပြန်နွေးပေးပါအုံး"

အတ္တက ဆင်းလာလာခြင်း အဒေါ်ကြီးကို ခိုင်းကာ မီးဖိုချောင်ထဲ ဝင်ကာ အလုပ်ရှုပ်နေသည်။ လင်းချုံကိုလဲ မကြည့်။ လင်ချုံဒေါသ ထွက်လာတာကြောင့် အော်လိုက်သည်။

"ထမင်းစား စောင့်နေတဲ့ ငါ့လဲ စောက်ဖက်လုပ်ပါအုံးဟ"

လင်းချုံ ပြောတဲ့စကားကို ကြားပုံ မရတဲ့ အတ္တကြောင့် လင်းချုံ
ဒေါသပိုထွက်သွားပြီး အတ္တကို နားရင်း တစ်ချက် သာသာလေး အုပ်လိုက်သည်။ ပြန်ရတာက အတ္တရဲ့ ကြောက်မက်ဖွယ် မျက်ဝန်းတစ်စုံ....လင်းချုံတောင် လန့်သွားသည်။
ဒါပင်မယ့် အခြေအနေပြန်ထိန်းလိုက်သည်။

"လိ့ကြည့်တာလား ငါမင်းတို့ကို ထမင်းစားဖို့ စောင့်နေတာ
မရီးရော ဘယ်မှာလဲ"

အတ္တလဲ သူ့အသားကို နာအောင်လုပ်တာ မကြိုက်ပင်မယ့်
လင်းချုံက သူ့ကို နားအလည်ပေးဆုံး သူငယ်ချင်း ၊ပြီးတော့ အလုပ်ရှုပ်နေတဲ့  လင်းချုံကို သူ့ပဲ ခေါ်ထားခဲ့တာလေ။
သူတို့ကသာ ရမ္မက်ပင်လယ် ကူးခတ်နေပြီး လင်းချုံကကျ
ထမင်းစား စောင့်နေရတာကြောင့် အားတော့ နာသွားသည်။ 

"ပင်ပန်းလို့ နားနေတယ် မင်းဘာသာစားတော့ စောက်ပိုလုပ်ပြီး စောင့်မနေနဲ့ Kကို ခေါ်စားလိုက်"

"ဟဲဟဲ အဲ့လိုလုပ်လို့ရလား"

"စောက်ပိုပြောမနေနဲ့ ငါမပြောလဲ Kကို မင်းအိပ်ခန်းထဲ အရောက်ခေါ်မှာ ငါသိတယ်"

"bossရပါပြီ"

အဒေါ်ကြီး လာပေးတာကြောင့် အတ္တလဲ ပူတင်းယူပြီး ရေဇလုံ တစ်ခုနဲ့ ဆေးတွေ ယူပြီး အပေါ်တတ်သွားသည်။

"အာ အရှေ့မှာ စက်ရှိတယ် Kကို လှမ်းခေါ်လိုက်"

အတ္တက နောက်ပြန်လှည့် ပြောပြီး ပြန်တတ်သွားသည်။ ကျန်ခဲ့တဲ့ လင်းချုံက ပါးစပ်စိမရ။အရှေ့ အမြန်ပေးကာစက်ကို ယူလိုက်ပြီး Kကို လှမ်းခေါ်လိုက်သည်။

After the painWhere stories live. Discover now