Ep......,21

1.6K 139 7
                                    

Zawgyi❣️

ကြယ်တာရာ ပြန်ထလိုက်ပြီး အရှေ့ကိုယိုင်လဲ ချင်ယောင် ဆောင်ကာ Markရဲ့ မျက်နှာဖုံးကို ဆွဲချွတ်လိုက်သည်။

ကြယ်တာရာရဲ့ လုပ်ရက်ကြောင့် အတ္တက ရှင်းနောင်ဦးကို ဆွဲလိုက်သော်လည်း မမှီတော့ပေ။မျက်နှာဖုံးက ကြယ်တာရာ လက်ထဲ ပါသွားသည်။

အတ္တက ရှင်းနောင်ဦးကို သူ့ကျောအနောက်ကို ပို့လိုက်သည်။

ဖြန်းးးးး

အတ္တရဲ့ ရိုက်ချက်ကြောင့် ကြယ်တာရာ မျက်နှာလည်ထွက်သွားသည်။

"မကြယ်တာရာက တစ်ကယ်ကို စိတ်ပျက်စရာဘဲ !!!ဒီလိုလူမျိုးတွေနဲ့ ပူးပေါင်းခဲ့မိတဲ့ အတွက် တစ်ကယ် နောင်တရမိတယ်!! မိန်းမတွေကို အလေးထားတတ်ပင်မယ့် မကြယ်တာရာလို မိန်းမမျိုးကတော့ တစ်ကယ် ရွံစရာဘဲ !!ကြည့် Markရဲ့ မျက်နှာကို သိပ်မြင်ချင်နေတယ် မလား ကြည့်လိုက်!!!"

အတ္တက အနောက်က ရှင်းနောင်ဦးကို အရှေ့ကို ဆွဲပြီးပြလိုက်သည်။ ရှင်းနောင်ဦးကို တွေ့တော့ ဝနရော ကြယ်တာရာပါ လန့်သွားကြသည်။

"နင်.....နင်"

"ဘာတွေ အံသြနေတာလဲ မကြယ်တာရာ ပြန်တွေ့ရတာ ဝမ်းသာပါတယ်နော် ဝနကျော်စွာ"

"ရှင်းးးးနောင်  ဦး"

ဝနကျော်စွာက ထေ့ငေါ့စွာသူ့နာမည်ကို ခေါ် သည်။

"အွန်း ဟုတ်တယ်လေ ရှင်းနောင်ဦး မင်းတို့ယုတ်မာခဲ့တဲ့ ရှင်းနောင်ဦး မပျော်ဘူးလား ဟားးး"

"မင်း မင်း သေပြီမဟုတ်ဘူးလား"

"မသေလို့ ပြန်တွေ့ရတာပေါ့ ဘာတွေ ကြောက်နေတာလဲ "

ဝနကျော်စွာရော ကြယ်တာရာပါ ဘာစကားမှ မထွက်တော့ဘဲ မျက်နှာ ပျက်ယွင်းသွားသည်။

"ကဲ ငါ့မျက်နှာတွေ့လိုက်ရတော့ စိတ်ချမ်းသာသွားပြီလား
ဒါဆို သွားခွင့်ပြုအုံးနော် "

ရှင်းနောင်ဦးနဲ့ အတ္တတို့ ထွက်လာတဲ့ အထိ ဝနနဲ့ ကြယ်တာရာက တုပ်တုပ်မလှုပ်ဘဲ ကျန်ခဲ့ကြသည်။ အခန်းထဲက ထွက်တာနဲ့ ဝန်ထမ်းအဟောင်းများက ရှင်းနောင်ဦးဆီ လာနှုတ်ဆက်ပြီး ငိုကြသည်။

After the painWhere stories live. Discover now