Ep.....5

2.2K 159 0
                                    

Zawgyi🍀

ရှင်းသန့်ဦး အခုချိန်ထိ အိပ်ယာက မထမိသေး။မနိုးသေးတာမဟုတ် တစ်ညလုံးကို အိပ်လို့ မပျော်ခဲ့တာ။အချိန်တစ်ခဏလေး အတွင်း အရာအားလုံး ဆုံးရှုံးခဲ့သည်။သူ့အချစ်ဆုံး ကိုကို
သူ့မြတ်နိုးရတဲ့ သူ့ကလေးလေး ပြီးတော့ ဖေဖေကြိုးစားခဲ့တဲ့ ကုမ္ပဏီ။

အိမ်မက်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းလဲ သူ့ဆုတောင်းက မပြည့်နိုင်မှာ သိသည်။ပြန်ကြိုးစားပြီး သူ့ဆုံးရှုံးသမျှကို ပြန်ရယူရအောင်လဲ သူ့ချုပ်ရိုးက အခုထိမကျက်သေးပင်။

ဒေါက် ဒေါက်

တံခါး ခေါက်သံကြောင့် ရှင်းနောင်ဦး တံခါးဖွင့်ပေးလိုက်တော့
မေမေဖြစ်နေသည်။

"သား  "

အလှတွေ ပြင်ထားတဲ့မေမေ့ကို ကြည့်ပြီး သူပိုဝမ်းနည်းလာသည်။ဖေဖေ့ ကုမ္ပဏီက သူ့ကြောင့် ဆုံးရှုံးရပြီ။ဝမ်းနည်းချစ်တာတောင် ငိုချင်တာတောင် သူ့ကိုငဲ့နေတာကြောင့် မငိုနိုင်တဲ့ မေမေ့ကို သူသိပ်သနားသည်။ဖေဖေ ဆုံးသွားကတည်းက မေမေက သူ့ကို အရာရာကာကွယ် ထိန်းကျောင်းခဲ့သည်။

သူ့ငယ်ငယ်က သူငယ်ချင်းတွေက စူပါမန်းဖြစ်ချင်တယ်လို့ ပြာတိုင်း ငါ့မေမေက စူပါဝူးမန်း လို့ အမြဲပြန်ပြောလေ့ရှိသည်။မေမေက သူ့အတွက် တကယ့် တံတိုင်း တစ်ခုလိုပင်။

"သားး မျက်နှာသစ် ပြီးရင် မနက်စာ လာစားလေ"

"သားမစားချင်ဘူး"

"မစားချင်လို့မရဘူး သား အားရှိမှ သားပြန်တိုက်ခိုက်နိုင်မှာပေါ့ လာခဲ့နော် ဖြည်းဖြည်းသွား ချော်လဲမယ် သတိထားနော်"

မေမေကို ခေါင်းညိတ်ပြပြီး မျက်နှာသစ်လိုက်သည်။ချုပ်ရိုးကြောင့် ရေချိုးလို့တော့ မရသေးပေ။

မျက်နှာသစ်ပြီး ထမင်းစားခန်းဆီ သွားတော့ မေမေက စောင့်နေသည်။

"လာ သားကြိုက်တဲ့ မုန့်ဟင်းခါး မေမေ ချက်ထားတယ်"

မေမေကိုလဲ ဘာမှမပြောမိ။မုန့်ဟင်းခါးသာ ငုံ့စားလိုက်သည်။

မေမေလက်ရာ မုန့်ဟင်းခါးကို သူ့လိုပင် သိပ်ကြိုက်တဲ့ ကိုကို့ ကို သတိရမိတော့ မျက်ရည်က ဝဲလာသည်။အရင်ကဆို မေမေကို အမြဲ ပူဆာနေကျ ။မုန့်ဟင်းခါးချက်တိုင်း မေမေ့ကို ဝိုင်းကူနေကြ။ကြက်သွန်နီကိုတော့ သူ့ကိုတစ်ခါမှ မခွာခိုင်းပင်။
ကြက်သွန်နီက မျက်လုံးနာလိမ့်မယ်ဆိုပြိး ကိုကိုက သူဘဲအမြဲခွာသည်။

After the painWhere stories live. Discover now