Ep......7

2.1K 157 10
                                    

Zawgyi🍀

"မင်းတို့ ဘယ်နေရာ စောက်သုံးကျလဲ။ ဟမ် ဒီတစ်ခေါက်က အရေးကြီးပါတယ်လို့ ငါမင်းတို့ကို မပြောဖူးလား တောက်စ်"

အတ္တမိုးမာန် ရဲ့ဒေါသကိုသိတာကြောင့် တစ်ယောက်မှ ဖြေရှင်းချက် မပေးရဲ့။ခေါင်းငုံ့ပြီးသာ ငြိမ်နေရသည်။

"အားလုံး ထွက်သွား မင်းနေခဲ့"

အားလုံးထွက်သွားတော့ K နဲ့ အတ္တမိုးမာန် နှစ်ယောက်ထဲသာ ကျန်ခဲ့သည်။

"K မင်းစောင့်ကြည့်ထား အတွင်းသတင်းပေးရှိနေတယ်"

"ဟုတ် BOSS ကျွန်တော် ရိပ်မိပါတယ်။ရဲမြင့်ငှေး ကသိပ်ကို မသကာင်္စရာဘဲ"

"မင်းစောင့်ကြည့်ထားလိုက်"

"BOSS လူတစ်ယောက် ကမ်းတင်လာလို့"

Kနဲ့ပြောနေတုန်း တပည့်တစ်ယောက် ရောက်လာပြီး လာပြောသည်။

"အဲ့လို ကိစ္စကို ငါ့ကို လာပြောနေရသေးလား သတ်လိုက်"

"ဟုတ်"

"Kမင်းလိုက်သွား "

အားလုံးထွက်သွားတော့ သူပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။သူရဲ့ နှစ်ထပ်ကနေ လှမ်းကြည့်ရင် ကမ်းခြေ တစ်ခုလုံးကိုပင် မြင်ရတယ် မဟုတ်ပါလား။

ူလှမ်းကြည့်တော့ မတ်တပ်ရပ်လာတဲ့ အဖြူလုံးလေး။ရေတွေ စိုနေတဲ့ ထိုအဖြူလုံးလေးက အကျီများက ခန္ဓာကိုယ်မှာ ကပ်နေသည်။အကျီမှာလဲ သွေးက ထွက်လျက်။သူ့ဂိုဏ်းက လေ့ကျင့်ပေးထားတဲ့ သူတွေချည်းဘဲ မလို့ သူ့လူတွေကြားထဲ ထိုအဖြူလုံးလေးက သေးကွေးလွန်းနေသည်။

သူတို့ဂိုဏ်းအရ လူတစ်ယောက် သတ်ပစ်ဖို့ ထိုလူကို ပုန်းခိုင်းလေ့ရှိသည်။ထိုအဖြူလုံးလေးကိုလဲ သူ့တပည့်တွေက ပုန်းခိုင်းတဲ့ ပုံပင်။

ထွက်ပြေးနေတဲ့ အဖြူလုံးလေးကို သူတပည့်တစ်ယောက်က ခြေထောက်ကို သေနတ်နဲ့ ပစ်လိုက်သည်။

ဒိုင်းးးအ့

အဖြူလုံးလေး အော်သံက သူ့ရင်ဘတ်တစ်ခုလုံးကို ဆွဲဆုတ်သွားသလိုပင်။ရင်ဘတ်ကို လက်နဲ့ ကိုင်လိုက်ရသည် အထိဖြစ်သွားသည်။

After the painWhere stories live. Discover now