Zawgyi
အရေးပေါ်မွေးခန်း တံခါးပွင့်လာတော့ အတ္တ အရှေ့ကို ပြေးသွားသည်။ သူ့ထက်အရင် သူ့တပည့်များက ရှေ့ကို ရောက်သွားသည်။
ဆရာမမှာ သူ့ရှေ့ပြေးလာတဲ့ လူအုပ်ကြီးကြောင့် အနောက်ပင် ဆုတ်သွားသည်။
"ရှင်....ရှင်တို့က "
"ဆရာမ လူနာ ရှင်းနောင်ဦး မွေးပြီလား ကျန်းမာရဲ့လားဟင်"
အတ္တက သူ့ရှေ့ပိတ်နေတဲ့ သူ့တပည့်တွေကို တွန်းကာ ဆရာမကို မေးလိုက်သည်။
"မွေးသွားပါပြီ သားယောကျာ်းလေး မွေးပါတယ် ။ ကလေးလဲ ခြေလက်အဂါင်္ စုံပြီး မိခင် အယ် ဖခင်ရော ကလေးရော ကျန်းမာပါတယ်"
"ရေးးးး မွေးပြီတဲ့ "
ထအော်တဲ့ သူ့တပည့်တွေကြောင့် ဆူညံသွားသည်။
"ဒီမှာ အသံလေး တိုးပေးပါ ဒါဆေးရုံရှင့်"
ဆရာမအော်မှ ငြိမ်သွားကြသည်။
အတ္တ ရင်ထဲစို့နေတဲ့ အလုံးကြီး အခုမှ ကျသွားသည်။ ရင်ထဲလဲ ပျော်လွန်းလို့ အမြဲ မျက်မှောင်ကြုတ်နေပြီး ဆူပုတ်နေကျ မျက်နှာက အပြုံးတွေ ဝေဆာနေသည်။
"ကျေးဇူးတင်ပါတယ် ဆရာမရယ် ကျွန်တော့် ကလေးကို ကြည့်လို့ရပြီလားဟင်"
"ရပါတယ်ရှင်....ကျွန်မတို့တောင် အတွေ့အကြုံ အသစ်ရလို့ ကျေးဇူးတင်ရမှာပါ။ ကလေးက ခနနေ ပိုးသတ်ဆေး ထိုးပေးဖို့ ခေါ်လာပါလိမ့်မယ်နော် ...."
"ဟုတ်ကဲ့ ဆရာမ"
"ဒါဆို ခွင့်ပြုပါအုံး ဒါနဲ့ ဆေးရုံမှာဒီလောက် လူအများကြီး မနေလဲ ရပါတယ် "
ဆရာမက ပြောပြီး ထွက်သွားသည်။
"တချို့တဝက် အိမ်ပြန်လိုက်ကြ !!"
အတ္တရဲ့ စကားကို အကုန်လုံးက အင်တင်တင် လုပ်နေကြသည်။
"ဟို ..ဟိုလေ boss ကလေးလေးကို ကြည့်ပြီးမှ ပြန်လို့မရဘူးလားဟင် "
"မရဘူး ပြန် !!"
"အတ္တကလဲ နေခိုင်းလိုက်စမ်းပါ မရီးလဲ လုံခြုံတာပေါ့"
အတ္တလဲ ခေါင်းသာငြိမ့်လိုက်သည်။
"သား ဒါဆို မာမီ အခန်းထဲ သွားပြင်ဆင်ထားလိုက်မယ်မော်"