Ep....52

931 88 7
                                    

Zawgyi

"အားလုံး အဆင့်ဖြစ်ပြီလား ကြယ်တာရာ"

"ဟုတ် ဒယ်ဒီ အားလုံး အဆင်သင့်ဖြစ်ပြီ"

ဒီနေ့ တရုတ်နိုင်ငံဆီ မိန်းကလေးတွေ ပို့ရမယ့်နေ့ဖြစ်တာကြောင့် အားလုံး အလုပ်ရှုပ်နေကြသည်။

ဒယ်ဒီက သူ့ပထမဆုံး စိတ်ချွာ တာဝန်လွှဲ ပေးတဲ့ အလုပ်ကိစ္စမလို့ ကြယ်တာရာ အမှားမရှိအောင် သေချာ စီစစ်နေရသည်။
ဒိလို ယုံကြည်မှု ယူထားမှ ဒယ်ဒီက လုပ်ငန်းတွေ ခွဲပေးမှာလေ။ အခုဆို ကုမ္ပဏီက သိပ်ပြီး မျှော်လင့်ချက် မရှိတော့ပေ။ ရှယ်ယာရှင် ဒါရိုက်တာများကလဲ သူတို့ကို အလိုမရှိတော့ပေ။

ရှင်းနောင်ဥိးကသာ ကုမ္ပဏီကို သေချာ ဦးဆောင်နိုင်သူလို သတ်မှတ်ကြပြီး ချီးကျူးနေကြတာ။ တစ်နည်းမဟုတ် တစ်နည်းနဲ့က ရှင်းနောင်ဦးကို အနိုင်ရမှ ဖြစ်မယ်။ အဲ့တာကြောင့် ဒယ်ဒီ လုပ်ငန်းတွေ လက်လွှဲယူပြီးတာနဲ့ ရှင်းနောင်ဦး အတွက် နေ့ရက်တိုင်းက ကံဆိုးစေရမယ်။

"လမ်းကြောင်းရှင်းတာ သေချာလား ကြယ်တာရာ"

"ဟုတ် အခုလမ်းကြောင်းက တစ်ခါမှ အသုံးမပြုရသေးတဲ့ လမ်းကြောင့်မလို့ ဘယ်သူမှ မသိဘးး ဒယ်ဒီ"

"အွန်း တော်တယ် ငါ့သမီးဆိုတာ ဒီလိုဘဲ ဖြုစ်နေရမယ်
ဒါမှ ဒယ်ဒီလဲ စိတ်ချနိုင်မှာ"

ဦးရှိန်ရာကကြယ်တာရာ ခေါင်းလေးကို ပုတ်ပေးသည်။
ကြယ်တာရာ လွတ်လပ်စွာ ပြုံးမိသည်။ ဒယ်ဒီက သူ့အပေါ် နွေးထွေးမှု မပေးခဲ့ပင်မယ့် လိုလေးသေးမရှိ ထားပေးခဲ့တယ် မဟုတ်လား။ ဒါပင်မယ့် လောဘတတ်စွာ ဖခင်ရဲ့ မေတ္တာနဲ့ နွေးထွေးမှုလေး လိုချင်သေးသည်။

"ဝန ညကျရင် စောစော ပြန်လာနော် မ တို့ ပါတီလေး လုပ်ကြမယ်"

"အွန်း"

ကုမ္ပဏီသွားဖို့ ပြင်နေတဲ့ ဝနကျော်စွာကို ကြယ်တာရာက အကျီ ဝတ်ပေးရင်း ပြောသည်။ ဝနကျော်စအတွက်တော့ အထူးအဆန်းဖြစ်နေသည်။ ကြယ်တာရာက ဘယ်တုန်းက သူ့ကို ဒီလိုတွေ ပြင်ဆင်ပေးဖူးလို့လဲ။

" မ နေကောင်းရဲ့လား"

သူ့အမေးကို ကြယ်တာရာက ပြုံးပြီး ကြယ်သီးတပ်ပေးသည်။

After the painWhere stories live. Discover now