Ep.....64

876 87 10
                                    

Zawgyi

ဖန်းးးးးးးးဖြန်းးးး

အဆက်မပြတ်ကြာပွတ် ရိုက်ချက်တွေ ကြယ်တာရာ ကိုယ်ပေါ်အဆက်မပြတ် ကျနေသည်။ ကြယ်တာရာ ရဲ့ အော်သံကလဲ အခန်းထဲ ပဲ့တင်ထွက်ပေါ်နေသည်။

"ကြယ်တာရာ မင်ဘယ်လောက် အစွယ်ထွက်ထွက် အတ္တမိုးမာန်ဆိုတဲ့ ငါက ချိုးပေးနိုင်တယ် ဆိုတာ မှတ်ထား"

"ဟားးးးးငါက ကြောက်မယ် ထင်နေလား"

"အဟက် K သူ့လူတွေ ခေါ်လာခဲ့"

Kက ကြယ်တာရာရဲ့လူ၇ယောက်ကို ဆွဲခေါ်လာသည်။

တစ်ယောက်ချင်းစီရဲ့ ညာဘက်လက်တွေကို ခုံပေါ်
တင်လိုက်ပြီး အတ္တ လက်သည်းတွေ ဆွဲနှတ်လိုက်တော့
အော်သံတွေ အခန်းထဲ ဆူညံသွားသည်။

"ကျစ် နားငြီလွန်းတယ်"

အတ္တက ပြောပြီး ထိုလူတွေရဲ့ လျှာကို ဖြတ်လိုက်သည်။
ထိုအခါမှ ကြယ်တာရာ သွေးရူးသွေးတန်းဖြင့် ထအော်သည်။

အတ္တ ကြယ်တာရာကို ကြည့်ပြိး တချက်ပြုံးလိုက်သည်။
ကြယ်တာရာ အနားကို ကပ်သွားပြီး မျက်နှာကို ဓားနဲ့ ခြစ်ချလိုက်သည်။

အားးးးးးးးးးးး

"ကြယ်တာရာ ကြည့်ထားနော်"
ပြောပြီး အတ္တ ကြယ်တာရ လူတွေ တစ်ယောက်ချင်းစီကို ခေါင်းဖြတ်လိုက်သည်။

"ရာရာ စစ ငါ့အကိုကိုများ ထိချင်ကြတယ်"

ကြယ်တာရာ မျက်လုံးတို့ စုံမှိတ်လိုက်သည်။ အတ္တ ခုံပေါ်
က ရေခွက်ကို ယူပြီး ကြယ်တာရာ ပါးစပ်ကို ဖြဲပြီး လောင်းထည့်လိုက်သည်။

"အဟက် ကြယ်တာရာ မင်းက ဘယ်လို သတ္တိနဲ့ ငါ့မိသားစုကို လာထိရဲတာလား....ဒါပင်မယ့် မင်းထိနိုင်တာ ဘာမှ မရှိဘူး"

"အဟက် သေချာလား အတ္တမိုးမာန်......အဟွတ် အဟွတ်.....နင့်ရဲ့ အချစ်ဦးလေး လရောင်ကို မှတ်မိသေးလား "

လရောင်ဆိုသည့် နာမည်ကြောင့် အတ္တ ခန္ဓာကိုယ် မတ်သွားသည်။

"အဟက် အဲ့ကောင်ကလေ နင့်ကို သိပ်ချစ်တာ ....အဟွတ် ...အဟွတ် ငါတို့က နင့်ကို သတ်ခိုင်းထားပြီး လုပ်ငန်းတွေ အကြောင်း စုံစမ်းခိုင်းထားတာကို ငါတို့ကို သစ္စာဖောက်တယ်လေ......အဟက် အဲ့တော့ ကျွေးထားတဲ့ လက်ကို ပြန်ကိုက်ချင်နေတဲ့ ခွေးကို ငါက သတ်လိုက်ရုံပေါ့ "

After the painWhere stories live. Discover now