Ep.....70

1.5K 83 9
                                    

Zawgyi

လင်းချုံတို့နဲ့ လုပ်ငန်းကိစ္စတွေ ပြောပြိးတော့ အတ္တ အပေါ်ထပ် တတ်လာခဲ့သည်။ အခန်းထဲ ရောက်တော့ သားသားက အိပ်နေပြီ ။ သည်းငယ်က ခေါင်းရင်းက သူတို့မိသားစု ဓာတ်ပုံအကြီးကြီးကို ကြည့်ပြီး ပြုံးနေသည်။

"ဘာတွေ သဘောကျနေတာလဲ သည်းငယ်"

"အဲ့တုန်းက အချိန်ကို သတိရလို့ပါ ....."

"အဲ့တုန်းက သားသားက ၁နှစ်ဘဲ ရှိသေးတယ်နော်ကိုယ်တို့သားလေး ကြီးလာတာ မြန်လိုက်တာ"

အတ္တ စကားကြောင့် ရှင်းနောင်ဦး ရယ်လိုက်သည်။

"အတ္တကလဲ မသိရင် သားသားက လူပျိုအရွယ်ကြီး ရောက်နေသလိုဘဲ အခုမှ ၂နှစ်ဘဲ ရှိပါသေးတယ်"

"ဟုတ်သား ....ကိုယ့်တို့ဘဝထဲ သားသားဝင်လာတာ ကောင်းလိုက်တာနော်"

"အွန်း သားသားက ငါတို့အတွက် ဆုမွန်လေးဘဲ"

"သည်းငယ်ကလဲ ကိုယ့်အတွက် ဆုလာဘ် လေးပါဘဲ"

ပြောပြီး အတ္တက သားသားကို ကျော်ကာ သူ့နှာဖူးကို လှမ်းနမ်းသည်။

"အတ္တ ငါတို့သားလေး လိမ္မာမှာပါနော် "

"ဒါပေါ့ ကိုယ်တို့သားလေးက လိမ္မာမှာပေါ့...ကိုယ်တို့ သေချာ ထိန်းကျောင်းမှာ မလို့ သားသားက သေချာပေါက် လူတော်လေး ဖြစ်မှာ"

"သားသား လူကြီးလေး ဖြစ်လာတဲ့ ပုံလေူ မြင်ချင်လိုက်တာ လူချောကြီးဖြစ်မှာ"

"ကိုယ်နဲ့ တူရင်ပေါ့"

အတ္တစကားကြောင့် ရှင်းနောင်ဦး မျက်စောင်းထိုးလိုက်သည်။

"ငါနဲ့ တူရင် ပိုချောမှာ"

"ဟုတ်ပါပြိ ကိုယ်အလျော့ပေးပါတယ် သည်းငယ်က ပိုချောပါတယ်"

"သိရင် ပြီးရော ....အိပ်တေည့ မနက် အလုပ်ရှိတယ်မလား"

"အွန်း ဟုတ်တယ် ပစ္စည်းတွေ သွားစစ်ရအုံးမယ်"

"အွန်းး အိပ်တော့"

"Good nightပါ ကိုယ့်အသည်းအသက်လေးနဲ့ ကိုယ့်ရဲ့ ရေခဲတုံးလေး"

အတ္တကပြောပြီး သူနဲ့ သားသားကို တလှည့်စီ နမ်းလိုက်သည်။

သူလဲ အိပ်လိုက်ပြီး သားသားရဲ့ ကျောလေး ပုတ်ပေးလိုက်သည်။ အတ္တကတော့ သူရော သားသားကို ပါ လက်တံရျည်ကြီးနဲ့ ဖက်ထားသည်။

After the painWhere stories live. Discover now