Ep...,42

943 98 4
                                    

Zawgyi

ဝနကျော်စွာ  တိတ်တဆိတ် ထိုင်နေရင်း အတ္တမိုးမာန် ဆီ ချဉ်းကပ်ဖို့ တွေးနေလိုက်သည်။အတ္တမိုးမာန်က ဘယ်လိုလူပါလိမ့်။ ခက်ထန်တဲ့ မျက်နှာနဲ့ စူးရှတဲ့ မျက်လုံးတစ်စုံက ဘယ်သူမှဂရုမစိုက်တဲ့ ပုံစံမျိုး။ အင်းပေါ့ ဒီလိုအခြေအနေဆို အတ္တမိုးမာန် ဆိုတဲ့ လူက ဘယ်သူကို ဂရုစိုက်စရာ လိုလို့လဲ။

"ကျောက်ရုပ်လို ထိုင်နေမယ့်အစား တခြား ဝန်ကြီးတွေနဲ့ လိုက်ရောလေ ငါက အဲ့တာက အစ ပြောပြနေရမှာလား"

ငြိမ်သက်စွာထိုင်နေတဲ့ ဝနကျော်စွာကို ဦးရှိန်ရာက အနားကပ်ပြီး တိုးညင်းစွာ ပြောသည်။ဝနကျော်စွာလဲ စိတ်မပါစွာ ဝိုင်းမှထကာ လိုက်ရောနေသည်။ အမှန်ဆိုဒီ အတုအယောင် လောကမှာမရှင်သန်ချင်ဘူး။

ဝိုင်းမှ ထသွားတဲ့ ဝနကျော်စွာကို ကြည့်ပြီး အတ္တ သဘောပေါက်သွားသည်။ သေချာတယ် ဝနကျော်စွာရဲ့ ပျော့ကွက် ဦးရှိန်ရာမှာ ရှိတယ်။ အဲ့တာကြောင့် ဦးရှိန်ရာ ကြိုးဆွဲသမျှ ကနေရတာ။ အဟက်....ဦးရှိန်ရာ ခင်ဗျားနဲ့ ကျွနါတော်တော့ ပွဲကြီး ပွဲကောင်းပဲ။

"K စံအိမ်ကိုပြန် ....ဦးရှိန်ရာ နယ်မြေ ဝင်စီးလိုက် ။ လက်နက်ဂိုထောင်ကို အဓိက ထား"ဆိုသည့် messageကို အပြင်မှာ စောင့်နေသည့် Kဆီ ပို့လိုက်သည်။ တကယ်တော့ ဦးရှိန်ရာဆီ ဝင်စီးဖို့ အစကတည်းက စီစဉ်ပြီးသားပင်။ အချိန်တစ်ခုကို စောင့်နေခြင်းသာ။အခုတော့ အဲ့အချိန် ရောက်ပြီလေ။

"ဟေ့ ဦးညိုဦး နောက်ကျလှချည်လား"

လိပ်ပြာရဲ့ အသံကြောင့် ဦးရှိန်ရာရဲ့ မျက်လုံးတွေ ဦးညိုဦးဆီ ရောက်သွားသည်။

"ဟုတ်တယ်ဗျာ ...နယ်ဘက်မှာ မီးမရှိလို့ ရန်ပုံငွေ တည်ထောင်ပေးပြီး လုပ်နေရတာနဲ့ နောက်ကျသွားတယ်"

"ဟားးးးဒီလိုနေ့တောင် မဲစွယ်တုန်းလားဗျာ"

ဥိးညိုဦးက အပြုံးနဲ့သာ တုန့်ပြန်ပင်မယ့် မျက်နှာပျက်နေသူက
ဦးရှိန်ရာ။ ဦးညိုဦးကလဲ သူတို့ဝိုင်းသာ ရောက်လာသည်။
ဦးညိုဦးကို အတ္တ အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်သည်။

After the painWhere stories live. Discover now