The Great El Dorado (Episode-1)

5.4K 417 23
                                    

အနောက်ကျွန်းဝယ် နေမင်းကြီး ကွန်းခိုလေပြီတကား။ တောင်စွယ်နေကွယ်၍ အမှောင်သို့ချဉ်းတော့မည်။ နေရောင်ဖြော့ဖြော့က ကားလမ်းမဝယ် ထွန်းလင်းဖြာဝေနေသည်။ စိမ်းညို့ညို့သစ်ပင်များကလည်း လေပြေအဝှေ့ဝယ် ယိမ်းနွဲ့နေလေပြီတကား။ ရီဝေဝေ နေခြည်နုဝယ် တိမ်အစုတို့က ပုစွန်ဆီရောင် သမ်းနေသည်။ ကျေးငှက်သာရကာများကလည်း တွန်ကျူးနေပါဘိ။ ။

ထိုစဉ်ခါဝယ် လမ်းမတစ်လျှောက် ကားတစ်စီး ဖြတ်သန်းလာသည်။ ကားပေါ်တွင် ကျောင်းသား ၁၂ ဦးပါသည်။ သီချင်းသံတငြိမ့်ငြိမ့်ဖြင့် နေမီအောင် တစ်ခိုလှမ်းခဲ့ရလေသည်။

ကားမောင်းသူမှာ Kai ဖြစ်ပြီး ဘေးမှ Chanyeol နှင့် Sehun တို့က ဘေးတွင်ထိုင်နေသည်။

Suho, Lay, Tao, Xiumin, Luhan, Kris တို့က အိပ်နေသည်။

D.O, Chen, Baekhyun တို့ကမူ စကားဖောင်ဖွဲ့နေသည်။

ထိုစဉ် Tao က အိပ်နေရာမှ ထအော်သည်။

Tao : "Arrrr........."

Tao's အော်သံကြောင့် အိပ်နေသူအားလုံး လန့်နိုးသွားသည်။ နိုးနေသူအားလုံးလည်း ရုတ်တရက်ထအော်သဖြင့် လန့်သွားကြလေသည်။

D.O : Yarr!! Tao shi.... ဘယ်လိုဖြစ်ရပြန်တာလဲ။ လုပ်လိုက်ရင် လန့်စရာချည်းပဲ။

PCY : အေးလေ ဘာဖြစ်ရပြန်တာလဲကွ။

Tao : အော် တော်ပါသေးတယ် အိပ်မက်မို့လို့

Sehun : hyung က ဘာအိပ်မက်မက်လို့လဲ။

Tao : အိပ်မက်ထဲမှာ ......... ငါတို့ စီးလာတဲ့ကား ......... ချောက်ထဲ ပြုတ်ကျလို့ ...............

Lay က Tao ကို ရေဘူးလှမ်းပေးလိုက်သည်။

Lay : စိတ်လျှော့ chinguu ရော့ ရေသောက်လိုက်ဦး

Kris က Tao နဖူးကို လက်ကိုင်ပဝါ ဖြင့် သုတ်ပေးလိုက်သည်။

Tao : Gomawor Hyung nim ......

Kai : မင်းတို့ ပြန်မအိပ်နဲ့တော့ ငါတို့ ရောက်တော့မယ်။

Luhan : Nae!

ထိုစဉ် ညိုမှောင် အုံ့မှိုင်းနေသော တိမ်တောင်တိမ်လိပ်ကြီး သူရိယနေမင်း၏ ကျန်ရှိသော နေရောင်ခြည်တို့အား ဖုံးလွှမ်းပစ်ချေသဖြင့် ရှစ်ခွင်တိုင်းသည် ရုတ်တရက် မှုံမှိုင်းသွားသည်။

တောင်လေရူးကလည်း သစ်ပင်ပန်းမန်များနှင့် လှုပ်ရမ်းကစားချေပြီ။

ဆောင်းအကုန်နွေအကူးဖြစ်၍ သက်ငင်ရွက်တို့က မြေခလွင့်ပါလာသည်။

Xiumin : ရာသီဥတု သိပ်မကောင်းဘူး hyung! ငါတို့ ဒီနားမှာ ညအိပ်မှ ဖြစ်မယ်။

Baekhyun : ငါလည်း ထောက်ခံတယ်။

ထိုစဉ် Chanyeol ကမြေပုံကို ထုတ်ကြည့်လိုက်သည်။

PCY : အင်း ငါတို့ရှာနေတဲ့ El Dorado မြို့ဟောင်းရောက်ဖို့ မိုင် ကိုးဆယ်ကျော် လိုသေးတယ်။ ၂ နာရီကျော် ကြာဦးမှာ ဆိုတော့ ဒီမှာပဲ ကားရပ်အိပ်လိုကိကြတာ ကောင်းမယ်။

Kai : Okie!

Kai က အရိပ်ရှိရာ ဝက်သစ်ချပင်ကြီး အောက်တွင် ကားရပ်လိုက်သည်။

ထိုစဉ်ချက်ချင်း မိုးစက်များက ခုန်ပျံကျဆင်းလာသည်။ မိုးတဖွဲဖွဲမှ မိုးသည်းလာသည်။

မိုးခြိမ်းသံတညံညံက ကြောက်ခမန်းလိလိပင်။

Chen က မိုးခြိမ်းသံကြောက်တတ်သူဖြစ်၍ Xiumin အနီးသို့ တိုးလာသည်။ Lay ကလည်းကြောက်နေရှာသည်။

Kris : ငါတို့ နက်ဖြန် နံနက်စောစော ထွက်မယ်နော်။ အားလုံး စောစော ထကြ။

All : Nae !!

At Midnight 00:08 A.M

Chanyeol က အိပ်ရာမှ တရေးနိုးလာသည်။

သူရေသောက်နေစဉ် နားထဲသို့ အသံတစ်ခု ဝင်လာသည်။

Chanyeol က သေချာ နားထောင်ကြည့်သည်။

တဖြည်းဖြည်း အသံက ပီသလာသည်။

ရှေးခေတ် နန်းတွင်း အိုးစည်ဗုံမောင်း တီးသည့် အသံမျိုး။ ။

Chanyeol ရုတ်တရက်မို့ လန့်သွားသည်။

မိုးတိတ်သွားပြီဖြစ်သဖြင့် Chanyeol ကားပေါ်မှဆင်း၍ El Dorado မြို့ဟောင်း ရှိရာ အရပ်သို့ မျှော်ကြည့်လိုက်သည်။

TBC

The Great El DoradoWhere stories live. Discover now