The Great El Dorado (Episode-10)

1.7K 259 11
                                    

Kai တို့ အဖွဲ့သည် အရှေ့စူးစူးသို့သွားရာ လမ်းသည် ခဏအတွင်း၌ ဆုံးသွားသည်။

Kai : ခရီးကတော့ ဆုံးသွားပြီ။ ငါတို့ Yeol တို့ဘက် လိုက်သွားရင်ကောင်းမယ်။

Suho : အင်း ငါတို့ လိုက်သွားကြရအောင်

D.O တို့လည်း လာလမ်းအတိုင်းပြန်လှည့်ကာ Kris တို့ လမ်းအတိုင်း ခရီးဆက်လာသည်။

==============================

Kris တို့ လမ်းကြောင်းအတိုင်း သွားရာ မြစ်တစ်ခုနှင့် ထိပ်တိုင်ကြုံရလေသည်။

သူတို့လည်း မြစ်ကို ကူးရန် ဖောင်ဖွဲ့ပြီး အထုတ်အပိုးများကို သေချာချည်နှောင်ကြသည်။

PCY : Kris hyung မြစ်က ဟိုဘက်ခြမ်းမှာ ကျောက်ထရံနှစ်ခုကြားဝင်သွားတာ မြင်တယ်မဟုတ်လား

Kris : inn အာ့ဆိုတော့ ဖောင်က အဲဒီကြားထဲရောက်သွားရင် ဟိုဘက်မှာ ဘယ်လိုအခြေအနေတွေ ရှိမလဲ မသေချာဘူး

Tao : ကံစီမံရာပေါ့ကွာ။

Xiumin : ငါတို့သေချာ ကမ်းကပ်နိုင်မှ ဖြစ်မယ်

ဖောင်ကို ရေချခဲ့ကြ၏။ ကမ်းအစပ်တွင်မူ ကျောက်ဆောင်ကျောက်ခဲများက ရေအလျင်ကို ထိန်းပေးထားသော်လည်း မြစ်လယ်နားတွင် ဖောင်ကား ရေစီးထန်လှ၍ ဖောင်ကား ထိမ်းမရတော့။

Xiumin : ဖောင်ကို သေချာကိုင်ထားကြဟေ့ ပြုတ်ကျလိမ့်မယ်

သူတို့ အကောင်းဆုံး ကြိုးစားကြပါသည်။

သို့သော် ရေစီးအားကို မထိန်းနိုင်တော့။ ဖောင်ကား ရေစီးနှင့်အတူမျောပါသွားသည်။

ကြိုးစားခဲ့ပါ၏။

သို့သော် ကမ်းမကပ်နိုင်ဘဲ ဖောင်ကား ကျောက်နံရံကြားထဲ ရောက်လာတော့၏။

အားလုံး ဝရုန်းသုန်းကားဖြစ်ပြီး ဖောင်လမ်းကြောင်းကို သတိမပြုမိလိုက်စဉ် ဖောင်ကား ကျောက်ဆောင်နှင့် ဝင်တိုက်မိချေတော့၏။

"အုန်း......ဒုန်း......အား"

=============================

Kai တို့သည် လာရင်းလာရင်း တောလမ်းတစ်ခု၌ လမ်းလွဲသွားသည်။

သူတို့သည် မူမမှန်သည့်နေရာတစ်ခုသို့ရောက်သွားသည်။

ထိုနေရာသည် တောကြီးမျက်မည်းတစ်ခုအတွင်းမှ အုတ်ပုံကြီးဖြစ်သည်။

အုတ်ပုံမှ အုတ်များမှာ ရှေးဟောင်းအုတ်အမျိုးအစားဖြစ်ပြီး မီးတောင်ကြီးတစ်ခု၏ ရှေ့တွင်တည်ရှိသည်။

အုတ်ပုံကြီးတွင် စာလုံးများကို တွေ့ရသည်။ သို့သော် အုတ်ပုံမှာ ဖရိုဖရဲဖြစ်နေ၍ စာလုံးများကို ဖတ်မရ။

သူတို့လည်း အမောပြေ ထိုင်ရင်း ထိုအုတ်ပုံကြီးမှ အုပ်ချပ်များကို ထိုင်ကြည့်နေမိသည်။

ပတ်ဝန်းကျင်သာယာ၍ လေတိုက်သဖြင့် သူတို့ ကောင်းကောင်းအမောပြေနေကြစဉ် အုတ်ပုံအပေါ်ဆုံးမှ အုတ်ခဲပြုတ်ကျကာ D.O ရှေ့ ရောက်လာသည်။

D.O. လည်း အုတ်ချပ်ကို ကိုင်ကြည့်လိုက်သည်။

ထိုစဉ် သူ့မျက်လုံးလေးများ ပြူးလာပြီး အုတ်ပုံမှ အုတ်အချို့ကို ယူကာ ကြည့်ပြနါသည်။

D.O : wow! Kai Sehun Suho hyung ဒီမှာ လာကြည့်ပါဦး

Suho ; ဘာ ထူးဆန်းတာတွေ့လို့လည်း

D.O : ဒီမှာ ကြည့်

D.O. က အုတ်ချပ်အနောက်ကို လှန်ပြလိုက်သည်။

Kai : 7 တဲ့ ဘာဖြစ်လဲ

D.O : ဒီတစ်ခုက 8 မလား

Hun : Inn

D.O : ဒီမှာ ကြည့်

D.O က ထို အုတ်နှစ်ချပ်ကို ကပ်လိုက်တော့ စာတန်းပေါ်လာသည်။

"The El Dorado Lost"

Suho : Oh! ဒါ ငါတို့ရှာနေတဲ့ မြို့နဲ့ ဆက်စပ်မှုရှိလောက်တယ်

Hun : Yehet!

Kai : D.O hyung မင်းတော်တယ်

D.O : ကဲ စာတန်းဖော်ကြစို့

သူတို့လည်း အုတ်ချပ်နောက်မှ နံပါတ်အလိုက် စီလိုက်ကြသည်။
All ; Oh!!!!!!!!

စာတန်းပေါ်လာပြီ။ ။

==============================

"The Mysterious Secret Of The El Dorado Lost City

...................................................

TBC

90° Bow

The Great El DoradoWhere stories live. Discover now