The Great El Dorado (Episode-3)

2.1K 331 13
                                    

Chanyeol တို့ဆီမှ အော်သံတစ်ခု ထွက်လာသည်။

ကျန်သူများက ထသွားပြီး Chanyeol တို့ဆီသို့ ပြေးလာသည်။

Suho : hey ဘာဖြစ်တာလဲကွ

Chanyeol တို့ကား မဖြေ။ ဓာတ်ပုံကိုကြည့်လိုက် သူတို့ဓာတ်ပုံရိုက်သည့် သစ်ပင်ကြီးကို ကြည့်လိုက်ဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။

Kai : ဟေ့ ဘာဖြစ်တာတဲ့လဲ Suho hyung

Lay : ဒီမှာ hyung ကြည့်ပါဦး

Kai က ကြည့်လိုက်သည်။ ကျန်သူများလည်း ဝိုင်းကြည့်နေကြသည်။

ဓာတ်ပုံထဲ၌ ဇီးကွက်ကြီးတစ်ကောင်က သူတို့အား သစ်ပင်ပေါ်မှ လှမ်းကြည့်နေသည်။

အပြင်၌ ဇီးကွက်လည်း မရှိ။ ဇီးကွက်ကြီး နားနေရာ သစ်ကိုင်းလည်းမရှိ။

ထူးဆန်းလှချေပြီ။ ။

အားလုံး ပါးစပ်အဟောင်းသားဖြစ်နေသည်။

ထိုစဉ်

Tao : ကဲကဲ လာ ခရီးဆက်ကြရအောင် တော်ကြာ Black Pearl မြစ်မကျော်ခင် မိုးချုပ်သွားလိမ့်မယ်။

All : Okie!!

သို့သော် သူတို့စိတ်သိပ်မပါတော့။

ထူးဆန်းမှုတစ်ခု။ ပဟေဋိ ဆန်သော ထူးဆန်းမှုတစ်ခုကိုကား သူတို့ သတိမထားမိကြချေ။

ဓာတ်ပုံတွင် ပါသူ 5 ယောက်အနက် Lay ၏ လည်ပင်းအနီးတွင် အလွန်ပါးလွှာသော အမည်းရောင် အစင်းကြောင်းကြီးက Lay လည်ပင်းအား ကန့်လန့်ဖြတ်ထားလေသည်။

====================================

တဖြည်းဖြည်း ခရီးဆက်ရင်း အိပ်ဇိုရိုးမ၏ တောင်ထိပ်တစ်ခုဖြစ်သည့် အိတ်ဇိုဒပ်စ်(EXODUS) တောင် ခြေသို့ရောက်လာသည်။

မြေပုံအရဆိုလျှင် Black Pearl မြစ်သည် အိတ်ဇိုဒပ်စ် တောင်၏ တစ်ဖက်တွင် စီးဆင်းနေသည်။

PCY : မြေပုံအရဆိုရင်တော့ Black Pearl မြစ်က ဟိုဘဘက် တောင်ခြေမှာပဲ ဒီတော့ ငါတို့ ဒီတောင်ကို ကျော်ရမယ်။

All : Nae!!

တောင်တက်လမ်းမှာ ချောမွေ့ညီညာခြင်း တစိုးတစိမျှမရှိ၊ မြေကျောက် ဆူးငြောင့်ခလုတ်ဆိုးတို့ဖြင့် ရှိနေချေသည်။ သို့သော် တောင်ကား မတ်စောက်ခြင်းမရှိ။ အနည်းငယ်သာ ခုံးနေသည်။ ကျောက်အစွယ်များကို အားပြု၍တက်ရသဖြင့် ခက်ခဲကြမ်းတမ်းသော ခရီးဖြစ်သည်။ မချိတင်ကဲ မောဟိုက်ပင်ပန်းပြီး ပင့်သက်ရှိုက်ကာ ခရီးဆက်ကြရသည်။

တောက်ထိပ်ရောက်တော့ လျှိုကြီးထဲသို့ဆင်းကြရမည်။ တောင်ထိပ်မှ လှမ်းမျှော်ကြည့်သောအခါ ရေစီးသံကျယ်ကျယ်လောင်လောင်နှင့် Black Pearl မြစ်ကို လှမ်းမြင်နေရပြီ။

Black Pearl မြစ်ကား ရေစီးကြမ်းလှပါဘိ။ ကျောက်ဆောင်ကျောက်တုံးများလည်း ပေါများလှချေသည်။

လျှိုကြီးအတွင်းမှောင်မိုက်နေ၍ မီးတုတ်များဖြင့်ဆင်းကြရသည်။ လျှိုကား ပြေပြေလေး နိမ့်ဆင်းသွားသည်။

တောင်အခြေရောက်တော့ အလင်းပျောက်ရဲ့ အမှောင်ရောက်နေချေပြီတည်း။

သူတို့ တောင်ခြေတွင် တဲထိုးကာ စခန်းချကြသည်။

Tao က နီးစပ်ရာ၌ ဟင်းရွက်ခူး ယုန်ဖား အမဲလိုက်သွားသည်။

Suho က ရေသွားခပ်သည်။

D.O နှင့် Baekhyun တို့က မီးမွှေးနေသည်။

၁၀ မိနစ်ခန့်အကြာ

Tao က ဖား ၂ ကောင်ကို ကိုင်ကာ တဲဆီသို့ ပြေးလာသည်။

Tao : Arrrr!!

Kai : Yarr! Tao shi ဘာဖြစ်ရပြန်တာလဲ။

Tao မျက်နှာ၌ ချွေးသီးများစို့နေလေသည်။ မောပန်းလာပုံရသည်။

Tao : ဟို ...... ဟို ...... လူ ...... လူ .........

PCY : ဘာ လူလည်း

Tao : ရေ ...... ရေ ပေးပါ။

D.O. က Tao ကို ရေကမ်းပေးလိုက်သည်။

Tao က ရေကို ဖြည်းညင်းစွာ သောက်လိုက်သည်။ ပြီးမှ စကားကို ဆက်သည်။

===================================

ငါ ဖားလိုက်ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားတယ်။ မှောင်မှောင်မဲမဲဆိုတော့ ငါလည်း သွားရင်းသွားရင်း လူ တန်းကြီး တစ်ခုနဲ့တွေ့တယ်။

ငါလည်း သိချင်တာနဲ့ သစ်ပင်မှာကွယ်ပြီးကြည့်လိုက်တယ်။

တကယ်မှတကယ် ရှေးခေတ်အဝတ်အစားကြီးတွေနဲ့ လူတန်းကြီးတစ်ခု ချီတက်လာတာ။ အိုးစည်ဗုံမောင်းသံတွေလည်း ဆူညံနေတယ်။ အဲ့အချိန်မှာပဲ ...............

TBC

Fb လေးများ မစကြပါနော်

Thank You

The Great El DoradoWhere stories live. Discover now