The Great El Dorado (Episode-12)

1.7K 259 16
                                    

ဂူ အတွင်း၌ မှောင်မိုက်နေသည်။ အလင်းရောင်ကား နတ္ထိ။
ချုံနွယ်ပိတ်ပေါင်း ထူထပ်နေရာ ဂူသည် ပို၍ အုံ့ဆိုင်းနေသည်။

ထိုစဉ် ဂူထဲမှ လင်းနို့များ ထွက်လာကာ အပြင်သို့ ပျံပြေးသွားကြလေသည်။

Chanyeol တို့ လေးယောက်လည်း ဖောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် မျက်စိကို မှိတ်ကာ လိုက်ခဲ့ရလေတော့သည်။

=============================

ဂူအမိုးနား တဝိုက်မှ အလင်းရောင်ဖျော့ဖျော့လေးများက တစ်စ တစ်စ ပေါ်ထွက်လာသည်။ သူတို့ မျက်လုံးကို ရဲရဲ ဖွင့်ကြည့်လိုက်ရသည်။

ထွက်ပေါက်။ တစ်နည်းအားဖြင့် သူတို့ ဘဝ သူတို့ အသက် အတွက် ပြတင်းပေါက်တစ်ပေါက်ပင်။

ထွက်ပေါက်က မလှမ်းမကမ်းတွင် ရှိနေသည်။ ရေစီးကာ မနှေးမမြန် ပုံမှန်စီးဆင်းနေသည်။

ဖောင်ကား ရေစီးတသွင်သွင် နှင့်အတူ လိုက်ပါလာသည်။

Sehun : Wow! ငါတို့ မသေတော့ဘူး ။

Tao က Kris ကျောကို သိုင်းဖက်လိုက်ကာ တီးတိုးပြောလိုက်သည်။

Tao : ကျွန်တော်တို့ ဆန္ဒတွေ ပြည့်တော့မယ်

==============================

ဖောင်ကား ရေစီးအတိုင်း မျောပါသွားရင်း ဂူ အဝသို့ ရောက်လာသည်။

မြစ်သည် ဂူအဝမှ ပြေပြေလေး စီးဆင်းသွားသည်။ ထို့ပြင် မြစ်သည် ပို၍ပို၍ တိမ်လာသည်။

မကြာပါ ဖောင်သည် ကမ်းကပ်သွားချေပြီ။

သူတို့ မည်မျှ ခရီးတွင်ခဲ့သည်မသိ။ သူတို့ ကမ်းကပ်သွားရာ နေရာတွင် မြူခိုးများ ဖုံးလွှမ်းနေသည်။

[EL DORADO သီချင်းနှင့် တွဲဖက်ပါက ခံစားချက်ပိုပါမည်]

သူတို့လည်း ဖောင်ပေါ်မှဆင်းကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်သည်။

ထိုနေရာသည် မြေပြန့်သော်လည်း တောင်တန်းများက အစဉ် ဝန်းရံထားသည်။

The Great El DoradoWhere stories live. Discover now