The Great El Dorado (Episode-7)

1.6K 271 13
                                    

Baek : L A Y ............

PCY : Omo! Lay? ဟုတ်လား ဘယ်မှာလဲ။

Baek : အဲ ဟိုမှာလေ

Baek က လင့်စင်အောက်သို့ ထိုးပြလိုက်သည်။

Chanyeol တို့က အောက်သို့ ငုံ့ကြည့်လိုက်သည်။

ညဥ့်နက်ဖြစ်၍ သဲသဲကွဲကွဲ မမြင်ရပေ။ ခန္ဓာကိုယ်အချိုးအစားကိုမူ သေချာမြင်ရသည်။

ခန္ဓာကိုယ်အချိုးအစား ဆံပင်ပုံစံများမှာ Lay နှင့်အတူတူပင် ဖြစ်သည်။

Luhan : အဲ Lay ပဲ ဟုတ်တယ် Lay မှ Lay အစစ်ပဲ

Kai : Lay နဲ့ တူတာတော့အမှန်ပဲ ဒါပေမယ့် ငါတို့ တောင်ဆင်းလာတုန်းက မိုးတွေရုတ်တရက် ရွာလာတယ်ဆိုတော့ ငါတို့ သတိထားရမယ် ပြီးတော့ တောကြီးမျက်မည်းဆိုတာလည်း မာယာအရမ်းများတယ်ကွ။ တောကောင်တွေက အန္တရာယ်လည်း များတယ်။ သတိထားကြ!

Baek : ငါ အောက်ဆင်းကြည့်လိုက်ရမလား

D.O : Baek shi မဆင်းပါနဲ့လား

Sehun : အင်း တစ်ခုခုဖြစ်မှ ဒုက္ခပဲ။

ထိုစဉ် အောက်မှ စကားပြော၏။

"Baek shi ငါ Lay ပါ အောက်ဆင်းလာခဲ"့

Baek : အဲ Lay တဲ့ အဲ့ဒါဆို Lay မသေ ...... မသေ ဘူးပေါ့ jinja! ငါဆင်းကြည့်လိုက်မယ်။

Kris : Yrrr! ငဘတ်စုတ် မင်းအဲ့လောက် ဆင်းကြည့်ချင်နေလဲ ဆင်းကြည့်ကွာ။

Kai : ဖြစ်ပါ့မလားကွ ငါတော့ မျက်ခုံးလှုပ်လှုပ်ပဲ

အောက်မှ အဆက်မပြတ်ခေါ်နေဆဲပင်။

Baek က အောက်သို့ဆင်းသွားပြီ။

ထိုစဉ် မြူခိုးများ ဖုံးအုပ်သွားသည်။

Yeol တို့က အပေါ်မှ စိုးရိမ်တကြီး ကြည့်နေသည်။

=========================

ထိုစဉ် ......

" ဝုန်း ... "

Baek : အား

Baek အော်သံကြောင့် Yeol တို့ သေနတ်ကိုယူပာ ဆင်းလာသည်။

Baek : ကယ်ကြပါဦး ကျား ဗျို့ ......... ကျား

Tao : အမလေး ကျား ...... ကျား

Tao တစ်ယောက် ထုံးစံအတိုင်း မေ့လဲသွားသည်။
Kris က Tao ကို ချီကာ ခင်တန်းငယ်တစ်ခုအကြားသို့ ခေါ်သွားတော့သည်။

The Great El DoradoWhere stories live. Discover now