The Great El Dorado (Episode-6)

1.8K 281 16
                                    

ကျီးကန်းအုပ်စုကြီးက Chen ထိုင်နေသော သစ်ပင်ကြီးကို တိုက်ခတ်သွားလေတော့၏။

ထိုစဉ် သူတို့ရောက်နေသည့် တောင်ကြီးသည် ထူးဆန်းးသောအသံ မြည်ဟည်းလျက် မြေကြီးက တုန်ခါသွားလေတော့၏။

အားလုံးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် မြေကြီးတွင် ဝပ်တွားလိုက်ကြတော့သည်။

မြေကြီးက ပြန်ငြိမ်သွားမှ သူတို့ ထပြီး ဖုန်ခါလိုက်သည်။

D.O : Errrrrrrrrrrrrr!!

D.O က ရုတ်တရက် ထအော်လိုက်သဖြင့် သူတို့အားလုံး D.O ဘက်သို့လှည့် ကြည့်လိုက်သည်။

Kai : Chen ............

သွားပြီ။ Chen ထိုင်နေသည့် သစ်ပင်ကြီးရှိရာ တောင်စွန်းသည် ပြိုကျသွားလေပြီ။

သစ်ပင်ပေါ်ရှိ Chen ကရော ............... မတွေးဝံ့စရာပင်တည်း။

အားလုံး ယူကျုံးမရ ဝမ်းနည်းပူဆွေးကြရလေသည်။

Chanyeol က အဆိုးဆုံး။

Chanyeol'pov : ငါ ... ငါ စခဲ့တဲ့ ခရီးကြောင့် အပြစ်မရှိတဲ့ ငါ့ သူငယ်ချင်းနှစ်ယောက် အသက်ဆုံးပါး ခဲ့ရပြီ။

Chanyeol : Yrr! ဒီတောကြီး မင်းဘာကြောင့် ငါ့သူငယ်ချင်း နှစ်ယောက်ကို သက်ပစ်ရတာလည်း။ မင်းနဲ့ ငါတွေ့မယ်။ မင်း သေပြီသာမှတ်ကွ။

Chanyeol က တောင်စောင်းပေါ်ကို ပြေးသွားပြီး ခုန်ချရန် ပြင်လိုက်သည်။

သို့သော် Xiumin က လှမ်းဆွဲ လိုက်သည်။

D.O : Yeol အဲ့လိုမပြောနဲ့ တော်ကြီးမျက်မည်းဆိုတာ နတ်ကြီးတယ်ကွ။ မင်း မဟုတ်တဲ့စကားတွေ လျှောက်မပြောနဲ့။
ဒုက္ခတော့ ရောက်တော့မှာပဲကွာ။ လွဲပါစေ ဖယ်ပါစေ။

Xiumin : Yeol လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ပဲကွ။ သူ့သေနေ့စေ့ရင် သေမှာပဲ။ မင်းစိတ်ကိုဖြေပါကွာ။

Baek : ဟုတ်သားပဲ စိတ်လျှော့ ပါ သူငယ်ချင်းရာ လာလာ ခရီးဆက်ရအောင်။

အားလုံးက သူ့ကို ချော့ပြောမှ သူ စိတ်လျှော့သွားသည်။

အားလုံး စိတ်မကောင်းခြင်းများစွာဖြင့် ခရီးဆက်ခဲ့ကြရသည်။

သို့သော် သူတို့အတွက် ကံဆိုးမိုးမှောင် ကျလေပြီ။

Yeol စကားကျွံသွားမိပြီ။

ရလဒ်အားဖြင့် ............

သူတို့ တောခြောက်ခံရလေပြီတည်း။

====================================

ပတ်ဝန်းကျင်သည် ရုတ်တရက်မှောင်ကျသွားသည်။

လေပြင်းများတိုက်လာပြီး ဖုန်လုံးများ တစ်လှိမ့်လှိမ့်တက်လာသည်။

လေက တဖြည်းဖြည်းကြမ်းသထက်ကြမ်းလာပြီး လျှပ်ပန်းလျှပ်နွယ်များကလည်း ကောင်းကင်ပြင်ဝယ် နေရာယူချေပြီ။

ရှစ်ခွင်တိုင်းသည် မှုန်မှိုင်းအုံ့ဆိုင်းလျက်ရှိလေတော့သည်။

သူတို့လည်း လင့်စင်ထိုးနိုင်၍ ခိုနားနိုင်ရန် နီးရာမှ သစ်ပင်ကြီးတစ်ပင်ကို အမြန်ရှာကြသည်။

မကြာမီ မိုးခြိမ်းသံတညံညံကလည်း ဆူဆူညံညံ မြည်ဟည်းလျက်ပင်။

သူတို့လည်း ကြောက်လန့်တကြား ရှာဖွေရင်း အလွန်ကြီးမားသော သစ်ပင်ကြီးကို တွေ့ကြရလေသည်။

Kai တို့လည်း အချိန်မဆိုင်းဘဲ ချက်ချင်း လင့်စင်ထိုးလိုက်လေတော့သည်။

သို့သော် ...............

ထူးဆန်းမှု၊ လျှို့ဝှက်နက်နဲမှု တို့က သူတို့နှင့် ပါလာပြန်သည်။

သူတို့ လင့်စင်ထိုးထားရာ သစ်ပင်ကြီး၏ သစ်ခေါက်တစ်နေရာတွင် ဤသို့ စာထွင်းထားလေ၏။

'2-1-5-11-8-25-21-14-4-5-1-4"

သူတို့လည်း နားမလည်ခြင်းများစွာဖြင့် ထို စာတန်းကို လျစ်လျူရှုလိုက်သည်။

မောဟိုက်ခြင်းများစွာဖြင့် လင့်စင်ပေါ်တွင် လဲလျောင်းအနားယူနေကြရလေသည်။

မကြာမီ မိုးက တသည်းသည်းရွာလာသည်။ မိုးက ရွာ၍မစဲ တသည်းသည်းပင်တည်း။

ညသည် ညဥ့်နက်လာသည်။

လမိုက်ညပင်တည်း။ မိုးရွာထားသဖြင့် ည သည် တိတ်ဆိတ်နေသည်။

ထိုစဉ်...............

သူတို့ လင့်စင်အောက်သို့ တစ်ယောက်ယောာက်လာသည့် အသံကို ကြားနေရသည်။

လေတိုက်ထားသဖြင့် သစ်ရွက်များကြွေနေရာ ခြေဖြင့်နင်းသံများမှာ သိသာလှသည်။

Baek က ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည်။

Baek : ............ Oh! Lay ..................

TBC

Thank you very much for your time and reading!

90° Bow To My Readers

The Great El DoradoWhere stories live. Discover now