The Great El Dorado (Episode-5)

2K 295 19
                                    

နေရောင်ခြည်မှိုင်းပြပြသည် အိတ်ဇိုရိုးမတောကြီးအား ထိုးဖောက်ထားသည်။ မြူမှောင်ဝေကင်း၍ ကြည်လင်သောနေ့ဖြစ်၍ Chanyeol တို့ Black Pearl မြစ်သို့ ဆင်းလာကြသည်။

မြစ်နှင့်နီးလာသည်နှင့်အမျှ ရေစီးသံတညံညံကို ပို၍ ကြားရသည်။ ရေစီးသံကား ကြောက်ခမန်းလိလိပင်။ ရေတံခွန်များပေါင်းဆုံစီးဆင်း၍ ဖြစ်လာသော ရေသံအတိုင်းပင်။

Black Pearl မြစ်သို့ရောက်တော့ သူတို့ နီးရာသစ်ပင်များကို ခုတ်ထွင်ကာ ဖောင်ဖွဲ့ကြသည်။

လူဆယ်နှစ်ယောက်စာဖောင်ဖြစ်သဖြင့် ဖောင်ကား ကြီးမားလှသည်။

ရေစီးအတိုင်း စုန်ဆင်းကြပေတော့မည်တည်း။ မြေပုံအရ မြစ်ကို စုန်ဆင်းပြီး Wolf တောင်ကြားတွင် လမ်းရှိသည်။ ထိုတောင်ကြားလမ်းမှတဆင့် ဖြတ်ကျော်ရာ၏။

Chanyeol တို့ ဖောင်ပေါ်တွင်အသင့် နေရာယူပြီးနောက် ဖောင်ကြိုးအား ဖြတ်ချလိုက်လေသည်။

===================================

တောင်ကျရေသည် ပို၍ ရေစီးသန်လာသည်။ ရေလှိုင်းလုံးများက ဝုန်းကနဲ ဝုန်းကနဲ ဆင်းလာသည်။

သူတို့က ဝါးလုံးများဖြင့် ကမ်းကပ်နိုင်ရန် ပြင်ဆင်နေကြသည်။

ထိုစဉ် ............

ဝုန်း ......... အား ..................

Lay က ဖောင်ပေါ်မှ ပြုတ်ကျသွားသည်။

Lay : Yarr ......... T......A......O ......

Tao : ဟ ငါဘာမှမလုပ်ဘူးကွ

Chanyeol တို့ ကယ်ချိန်မရလိုက်ပေ။

Lay သည် ရေလှိုင်းလုံးများအောက်၌ပင် ထာဝရအိပ်စက်သွားလေတော့သတည်း။

====================================

Kai : Omo! ရှေ့မှာ ရေတံခွန် .........

အားလုံးလှည့်ကြည့်လိုက်တော့သည်။

အမှန်တကယ်ပင် ရေတံခွန်ကြီး။

သူတို့က နီးစပ်ရာ တောင်ကြားတစ်ခုသို့ဦးတည်ပြီး ကမ်းကပ်ကြသည်။ သို့သော်မရပြီ။

ထိုစဉ် မြစ်ပေါ်မှ သစ်ကိုင်းကြီးများကို သူတို့သတိထားမိပြီး ကြိုးများထုတ်လိုက်သည်။

The Great El DoradoWhere stories live. Discover now